ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)ဧရာဝတီတိုင်းဒေသကြီးတွင်ဘက်စုံပိုးမွှားရောဂါနှင့်ပေါင်း ကာကွယ် နှိမ်နင်းနည်းပညာပေးဆွေးနွေးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် KOPIA (KOPIA Myanmar Center)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)တို့ ပူးပေါင်းဆောင်ရွက်သော အခြေခံဘက်စုံ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းကို ၂၉.၃.၂၀၂၃ ရက်နေ့ နံနက်(၈:၀၀)နာရီက ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၌ ကျင်းပသည်။
အခမ်းအနားတွင် KOPIA(KOPIA Myanmar Center)မှ ဒါရိုက်တာနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွှန့်တို့က အဖွင့်အမှာစကားပြောကြားပြီး ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) တာဝန်ခံ ဒေါ်ဖြူပြာလွင်မှ သင်တန်းကျင်းပရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြောကြား သည်။
အခမ်းအနားကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ၊ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွန့်မှဖွင့်လှစ်ပေးပြီးအဆိုပါအခမ်းအနားသို့ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)မှဝန်ထမ်းများ၊ကျေးလက်နေတောင်သူလယ်သမားများတက်ရောက်ကြပြီးစိုက်ပျိုးပင်များတွင်ကျရောက်တတ်သောဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါက်တာခင်သိန်းညွန့်မှလည်းကောင်း၊သီးနှံပင်များဘက်စုံရောဂါကာကွယ်နှိမ်နင်းနည်းများကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှဒေါ်သီသီဝင်းမှလည်းကောင်း၊ဘက်စုံပေါင်းကာကွယ်နှိမ်နင်းနည်းများကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှဒေါ်ရင်ရင်သိမ့်မှလည်းကောင်း၊စပါးမျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှဒေါ်ဇာခြည်ဖြိုးမှလည်းကောင်းသင်တန်းပို့ချဆွေးနွေးကြပြီးတက်ရောက်ကြသူများမှလည်းမိမိတို့သိရှိလိုသည်များကိုပြန်လည်မေးမြန်းကြကာလက်တွေ့ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။