စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဒုတိယအကြိမ်မြောက် တောင်သူနည်းပညာ နှီးနှောဖလှယ်ပွဲကျင်းပ (မိုး စပါးအခြောက်စိုက်ခင်းများတွင် ဖိုးလမင်းကျိုင်းများ ကျရောက်နေမှုအတွက် ကြိုတင်ကာကွယ် ခြင်းနှင့် နှိမ်နင်းနည်း စနစ် များအကြောင်း ဆွေးနွေးခြင်း

1
2
4
5
6
3
7
1 2 4 5 6 3 7

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏စားရေရိက္ခာ ဖူလုံပိုလျှံရေး နှင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် နည်းပညာနှင့် အကူအညီများ ပံ့ပိုးပေးလျက်ရှိရာ စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ လက်တွေ့ဆုံးဖြတ်ဆောင်ရွက်ချက်များသည် တောင်သူကြီးများကိုယ်တိုင် ဆုံးဖြတ်ဆောင်ရွက်ရခြင်းဖြစ်ပြီး မှန်ကန်တဲ့ရွေးချယ်မှု နှင့်ဆုံးဖြတ်ဆောင်ရွက်မှုဖြစ်စေရန် နည်းပညာပေးအသိပညာပေး လုပ်ငန်းများအပြင် တောင်သူများကိုယ်တိုင်ကြုံတွေ့နေကြရသည့် လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများ နှီးနှောဖလှယ်နိုင်ရေး နှင့် အခက်အခဲပြဿနာများ ကို အကောင်းဆုံးကျော်ဖြတ်နိုင်မည့် နည်းလမ်းများ ညှိနှိုင်းအဖြေရှာ ဖော်ထုတ်နိုင်ကြစေရန် အတွက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲများကို အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိပါသည်။

ပြောင်းလဲသက်ရောက်လာလျက် ရှိသော ရာသီဉတုဖောက်ပြန်မှု နှင့်အတူ နိုင်ငံတကာမှာ ကြုံတွေ့နေရသည့် စီးပွားရေး၊ နိုင်ငံရေးနှင့် နည်းပညာအားပြိုင်မှုများ၏ နောက်ဆက်တွဲ ပြဿနာများမှာ စားရေရိက္ခာဖူလုံရေးသည် အဓိက အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး တောင်သူတစ်ဦးချင်း ၏ ကုန်ထုတ်စွမ်းအားနှင့် တစ်ဧကချင်း၏ သီးနှံ ထုတ်လုပ်မှုတိုးတက်ရေးအတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်တောင်သူများပါဝင်သည့် နှီးနှောဖလှယ်ပွဲများ ပုံမှန်ကျင်းပပေးပြီး သိသာထင်ရှား သော ပြောင်းလဲတိုးတက်မှုများဖော်ဆောင်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ သုတေသီပညာရှင်များ နှင့် စိုက်ပျိုးပညာပေးတာဝန်ရှိသူများ ပူးပေါင်းပြီး တောင်သူနည်းပညာပေး ဆွေးနွေးပွဲကိုကျင်းပပေးနေခြင်းဖြစ်ပါသည်။

ယခု အပတ်၏ တောင်သူနည်းပညာပေး ဆွေးနွေးပွဲမှာ မိုး စပါးအခြောက်စိုက်ခင်းများတွင် ဖိုးလမင်းကျိုင်းများ ကျရောက် နေမှု အတွက် ကြိုတင်ကာကွယ် နှိမ်နင်းနည်း များနှင့် နှိမ်နင်းနည်း စနစ် များအကြောင်း ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါသည်။

ပြုလုပ်ပြီးသော ခိုင်မာတိကျသည့် သုတေသန ရလဒ်များရရှိပြီးသည့် နည်းပညာများကိုသာ ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဒုတိယဝန်ကြီးမှ နိုင်ငံတကာတွင် သဘာဝမြေဆွေးပြုလုပ် နေသည့် Video Clip များအား တောင်သူများအား မိတ်ဆက် ပြသ၍ ဆွေးနွေး ပေးခဲ့ပါကြောင်း သတင်း မှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။ ဒုတိယအကြိမ် တောင်သူနည်းပညာပေးဆွေးနွေးပွဲ (Famers’ Forum) ကို ၂၀၂၃ခုနှစ် ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း)ရှိ စုဝေးခန်းမ၌ မိုးရာသီ စပါး အခြောက်စိုက် ခင်း များတွင် ဖိုးလမင်းကျိုင်းကျရောက် ဖျက်ဆီးမှုပြသနာများ ဖြေရှင်း ရန်အတွက် ကြိုတင်ကာကွယ်နှိမ်နင်းနည်း များနှင့် နှိမ်နင်းနည်း စနစ် ဆိုင်ရာဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ဆွေး နွေးကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ စိုက်ပျိုး ရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ ၊သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးများ၊ ဒုတိယတိုင်းဦးစီးမှူးများ မြို့နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုး ရေးပညာရှင်များနှင့် စပါးအခြောက်စိုက်ပျိုးသူ တောင် သူများတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး က လယ် ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွကတောင်သူမပါ၍ မရပါကြောင်း၊ ယခုပြု လုပ်သည့် တောင် သူ များနှင့် နည်းပညာ နှီးနှောဖလှယ် ပွဲ သည် တောင်သူများအကျိုး ရှေးရှုကာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးတွင် တောင်သူများ၏ အခန်းကဏ္ဍသည်အရေး ကြီးသည်ဖြစ်ရာ အောင်မြင်သော ပန်းတိုင်တစ်ခုသို့ ရောက်ရှိစေရေး မိမိတို့၏တောင်သူများ အတူပူးပေါင်းပါဝင် ၍ အကောင်အထည်ဖော် ဆောင် ရွက် သွားရန်လို အပ်ပါကြောင်း ပြောကြားကာ တက်ရောက်လာသည့် တောင်သူဉီးကြီးများ၏ သီးနှံ စိုက်ပျိုးမှုပုံစံများ ၊ ယခုလက်ရှိ စပါးအခြောက်စိုက်ခင်းများ၏ အခြေအနေများ၊ ဖိုးလမင်း ကျိုင်း ကျရောက်မှု အခြေအနေများ ၊ မြေဩဇာ၊ ပိုးသတ်ဆေးသုံးစွဲမှုအခြေအနေများ ကို တောင်သူများ ထံမှ မေးမြန်း ၍ ဆွေးနွေး ခြင်းများဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနသီးနှံကာကွယ်ရေးဌာနခွဲ ပညာရှင်တစ်ဦးမှလည်း ဖိုးလမင်းကျိုင်းကျရောက်ဖျက်ဆီးမှုပြဿနာ များအားဖြေရှင်း ရန် အတွက်ကြိုတင်ကာကွယ်နှိမ်နင်းနည်း များနှင့် နှိမ်နင်းနည်း စနစ် များကို ဆွေးနွေးပေးခဲ့ရာ ပိုးကျရောက်မှုအားကင်းထောက်ရမည်မှာတောင်သူကြီးများ၏ အဓိကတာဝန်ဖြစ်ကာ ပိုးစတွေ့ပြီဆိုပါက သက်ဆိုင်ရာတိုင်း၊ခရိုင်၊ မြို့နယ်သီးနှံတာဝန်ခံများအား ဆက်သွယ် သတင်းပေး၍ ကာကွယ်၊ နှိမ် နင်းနိုင်မည့် နည်းလမ်းများအားရယူ ရမည်ဖြစ်ပါကြောင်း၊ ပိုးတစ် ကောင်နှစ်ကောင်ကျရုံဖြင့် မလိုအပ်ပဲ ပိုးသတ်ဆေးများသုံးစွဲပါကလည်း မိတ်ဆွေပိုးများကို ထိခိုက်နိုင်ကြောင်း၊ကွင်းဆင်းလေ့လာတွေ့ရှိချက်များအရ တောင်သူကြီးများ၏ ကွင်းတွင် မိုးစပါးအခြောက်စိုက်ခင်းတွင် ကျရောက်သည့် ဖိုးလမင်းကျိုင်း နှင့် ပဲတွင်ကျရောက်တတ်သည့် ဖိုးလမင်းကျိုင်း နှစ်ကောင်လုံး အတူတွဲ့တွေ့ရပါကြောင်း၊ မျိုးစိတ်ကွဲသော်လည်း ကျရောက်ဖျက်မှုလက္ခဏာများနှင့် ကာကွယ်နှိမ်နင်းနည်းများသည် အတူတူပင်ဖြစ်ပါကြောင်း၊ ၎င်းဖျက်ပိုးသည် စပါးတွင် ရေမရှိသည့် အချိန်တွင်ကျရောက်ကာ ရေရှိသည့် အချိန်တွင် မကျရောက်ပါကြောင်း၊ အကယ်၍ ဖိုးလမင်းကျိုင်း ကျရောက်နေပါကလည်း ရေရရှိပါက သက်သာသွားနိုင်ပါကြောင်း၊ မြစ်ပွားများသည့် သီးနှံများ (စပါး၊ မြေပဲ) ကိုကြိုက် နှစ်သက်ပါကြောင်း ၊ အပင်များ၏ အမြစ်များ၊ မြစ်မွေးများကိုသာစားသောက်သောကြောင့် နောက်ဆုံးတွင် အပင်ညှိုးခြောက် သွားမည်ဖြစ်ပါကြောင်း၊

အခြောက်စပါးခင်းတွင်ရေသွင်းပေးခြင်းနှင့် မိတ်ဆွေပိုးများ ရှိနေခြင်းက ဖိုးလမင်းကျိုင်း အား ကာကွယ်နှိမ်နင်းရာ ရောက်ပါကြောင်းနှင့် ပိုးသတ် ဆေးအသုံးပြုမှုနှင့်ပတ်သက်၍ အသုံးပြုသင့်သည့်ဆေးများ၊ လက်ရှိ တောင်သူများ အသုံးပြုလျက်ရှိသည့် ပိုးသတ်ဆေး များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်တစ်ဦးမှ ဆက်လက်ဆွေးနွေးပေးရာ ဖိုးလမင်း ကျိုင်းကာကွယ်နှိမ်နင်းရာတွင် ထယ်ရေးနက်နက် ပြုပြင်ခြင်းကအရေးကြီးပါကြောင်း၊ သို့မှသာမြေတွင်းခိုအောင်းနေသော ဖိုးလမင်းကျိုင်းပိုးလောက်ကောင်များ၊ ရုပ်ဖုံးများသေသွား နိုင်ပါကြောင်း၊ ကျိုင်းကောင်၏ အလေ့အထများအနေဖြင့် မေ၊ ဇွန်မှာ ကျိုင်းကောင်ပြန်ပေါက်ပါကြောင်း၊ကျိုင်းကောင်သည် နေဝင်စချိန်မှ စ၍တညလုံးစားသောက် ဖျက်ဆီး၍ မိုးလင်း မှမြေကြီးထဲပြန်ဝင် ကြောင်း၊အစိုဓါတ်ရှိ ပါက ဥအု ၍ ၂ ပတ်ကြာ တွင် အကောင်ပေါက်ပါကြောင်း၊ ပိုးလောက်ကောင် သည် ဇူလိုင်လမှ စက်တင်ဘာလအထိ စားသောက်ဖျက်ဆီးပါကြောင်း၊ သဲဆန်သောမြေ ၊မွနေသောမြေ များကိုကြိုက်နှစ် သက်ကြပါကြောင်း၊ ၈လက်မ မှ ၃ပေအနက်အထိမြေကြီးအတွင်း ထိုးဝင်နိုင်ပါကြောင်းနှင့် ကာကွယ်နှိမ်နင်းနင်းများတွင်အထိရောက်ဆုံးဖြစ်သည့်ကာကွယ်နှိမ်နင်းနည်းများဖြစ်သည့် မေ၊ဂျွန်လများတွင်ကျိုင်းကောင်များပေါက်ချိန်တွင် ကျိုင်းကောင်များခိုအောင်းနိုင်သော တမာ၊ကုက္ကို၊ထနောင်းပင်စသည့်အပင်ကြီးများကိုရှင်းထားရန်(သို့) ဆေးဖျန်း၍ ကြိုတင်ကာကွယ်ရမည်ဖြစ်ပါသည်။

စိုက်ခင်းတွင် ပိုးလောက်ကောင်တွေ့ရချိန်တွင် လူစုလူဝေးဖြင့်ကောက်ယူဖျက်ဆီးရမည်ဖြစ် ပါကြောင်းဆွေးနွေးပေးခဲ့ပါသည်။ထိုအပြင် အသုံးပြုသင့်သည့် ပိုးသတ်ဆေးများအား တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍လည်းစိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်တစ်ဦးမှလည်း တောင်သူများနှင့် ဖိုးလ မင်း ကျိုင်းကာကွယ်နှိမ်နင်းရန် အတွက် နည်းလမ်းများဆောင်ရန်ရှောင်ရန်များ ဆွေးနွေးပေးခဲ့ကြပါသည်။

အဆိုပါတောင်သူပညာပေးဆွေးနွေးပွဲ တွင် စိုက်ပျိုးရေးဒုတိယဝန်ကြီးမှ ဖိုးလမင်းကျိုင်း ကာကွယ်နှိမ်နင်းရန်အတွက် သင့်တော် ၍ အကျိုးရှိသည့် မီးထောင်ချောက် အသုံးပြုသည့် နည်းလမ်းအား ရှာဖွေခြင်း ၊တမာရွက်၊ တမာကြိတ်ဖတ်၊ ဆေးရွက်ကြီး စသည်တို့ အားမြေပြင်ချိန်တွင် သဘာဝမြေဆွေး ဖြင့်ရော၍ထဲ့သွင်းခြင်း၊ စိုက်ခင်းတွင်ရေသွင်းခြင်းနှင့် အပင်ခြေမြေဆွ၍လက်ဖြင့် ကောက်ယူခြင်း၊ ကာဗာရိုင်း၊ ဆိုက်ပါမီသရင်ကဲ့သို့ပိုးသတ်ဆေးများဖျန်း၍နှိမ်နှင်းခြင်းများအပြင်သင့်တော် အကျိုးရှိသည့် မြေအောင်းပိုး သတ်ဆေး များရှာဖွေခြင်း၊ အခြားသော ကာကွယ်နှိမ် နင်းနည်းများ အားလည်း စိုက်ပျိုးရေးပညာပေး ဝန်ထမ်းများ၊ သုတေသီများ၊ တောင်သူများပူးပေါင်း၍ အားလုံးပူးပေါင်းပါဝင်သည့် သိပ္ပံနည်းကျ သုတေသနများ ဆောင်ရွက်၍ ခိုင်မာသည့် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများအား လမ်းညွှန် ပေးရမည်ဖြစ်ပါကြောင်း၊ ပညာရှင်များအနေဖြင့် တောင်သူများထံ နည်းပညာ ဖြန့်ဝေသည့် အခါ သိပ္ပံနည်းကျ သုတေသနပြု၊ စမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီးသော ခိုင်မာတိကျသည့် သုတေသန ရလဒ်များရရှိပြီးသည့် နည်းပညာများကိုသာ ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဒုတိယဝန်ကြီးမှ နိုင်ငံတကာတွင် သဘာဝမြေဆွေးပြုလုပ် နေသည့် Video Clip များအား တောင်သူများအား မိတ်ဆက် ပြသ၍ ဆွေးနွေး ပေးခဲ့ပါကြောင်း သတင်း မှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန-Farmer Channel