စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဒီဇင်ဘာလနောက်ဆုံးပတ် လူထုလမ်းလျှောက်ပွဲ စိုက်သုမိသားစုဝင်များပါဝင်ဆင်နွှဲခြင်း

5
2
3
1
4
6
5 2 3 1 4 6

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်း ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ စုပေါင်းဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာလနောက်ဆုံးအပတ်အဖြစ် လူထုအားကစားလှုပ်ရှားမှုဖြစ်သော စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက် ၅နာရီ၃၀ ကစိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရေဆင်း)၌ ကျင်းပပြုလုပ် ခဲ့ ပါသည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းမိသားစုဝင်များ မှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီးလမ်းလျှောက်လာသူများအား ကောက်ညှင်းပေါင်း၊ အကြော်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။