စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ထရိုင်ခိုဒါးမားမှို အသုံးချမှုနည်းပညာတိုးမြှင့်ရေးလှုပ်ရှားမှု

Screenshot 2026-02-23 151131
Screenshot 2026-02-23 151558
Screenshot 2026-02-23 151405
Screenshot 2026-02-23 151336
Screenshot 2026-02-23 151525
Screenshot 2026-02-23 151258
Screenshot 2026-02-23 151632
Screenshot 2026-02-23 151702
Screenshot 2026-02-23 151733
Screenshot 2026-02-23 151131 Screenshot 2026-02-23 151558 Screenshot 2026-02-23 151405 Screenshot 2026-02-23 151336 Screenshot 2026-02-23 151525 Screenshot 2026-02-23 151258 Screenshot 2026-02-23 151632 Screenshot 2026-02-23 151702 Screenshot 2026-02-23 151733

စိုက်ပျိုးရေးကဏ္ဍ၏ အဓိကကဏ္ဍ(မျိုး၊ မြေ၊ ရေ၊ နည်း)(၄)ခုရှိသည့်အနက် နည်းပညာကို ထိရောက်စွာအသုံးချ၍ စားသုံးသူများအတွက် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ “သဘာဝကိုထိန်းသိမ်းဖို ဇီဝနည်းကို အခြေပြုစို့” ဆောင်ပုဒ်ဖြင့် ထရိုင်ခိုဒါးမား (Trichoderma) မှို အသုံးချမှုနည်းပညာ တိုးမြှင့်ရေးလှုပ်ရှားမှုကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် တွင် စပါးသီးနှံသုတေသနဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။

ယနေ့ပွဲသို စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနစုတာဝန်ခံများနှင့် လူငယ်သုတေသီများတက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ‌ အောင်မိုးမျိုးတင့်က ထရိုင်ခိုဒါးမားမှို၏ အကျိုးကျေးဇူးများ၊ အသုံးချနိုင်သည့်နည်းပညာများကို သတ်မှတ်ထားသည့်စံနှုန်းများအတိုင်း လိုက်နာ၍ သေချာစနစ်တကျဆောင်ရွက်ရန်၊ စပါးသီးနှံ စိုက်ပျိုးရာတွင် ထရိုင်ခိုဒါးမားမှိုကို အသုံးပြုနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေး၍ ထရိုင်ခိုဒါးမား အသုံးချမှုကို တိုးမြှင့်ဆောင်ရွက်ကြရန်တိုက်တွန်းစကား ပြောကြားခဲ့ပါသည်။   ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာအောင်မိုးမျိုးတင့်က ဆင်းရွှေဝါသမအသင်းသို့ ထရိုင် ခိုဒါးမားမှိုပွားများရန် မြေဆွေးထုပ်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါ်သက်သက်ဦးမှ သုတေသနဌာနခွဲအလိုက် ထရိုင်ခိုဒါးမားမှိုထုပ်များကိုပေးအပ်၍ အသုံးချမှုတိုးမြှင့်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။ ထိုနောက် အပင်ရောဂါသုတေသန ဌာနစုတာဝန်ခံ ဒေါက်တာသက်ရည်ခိုင်မှ ထရိုင်ခိုဒါးမားမှိုအသုံးချနိုင်သည့် နည်းပညာများနှင့်  ဇီဝနည်းအသုံးချခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူး များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးရှင်းလင်းခဲ့ပါသည်။ ထိုနောက် ထရိုင်ခိုဒါးမားမှို အသုံးပြုနည်းအမျိုးမျိုးကို အပင်ရောဂါသုတေသဌာနစုမှ သုတေသီများက လက်တွေ့သရုပ်ပြဆောင်ရွက် ခဲ့ကြပါသည်။

ယနေ့လှုပ်ရှားမှုသည် ဖော်ထုတ်ထားရှိပြီးနည်းပညာကို အရှိန်အဟုန်မြှင့် အသုံးပြုနိုင်ရန်တွက် တွန်းအားပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ထရိုင်ခိုဒါးမား မှို အသုံးချမှုနှင့် ပတ်သက်သည့် နည်းပညာများကို သုတေသနပြု ဖော်ထုတ်ခဲ့ပြီး ဖြစ်ကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။