တောင်သူအခြေပြု သုတေသနစခန်းတည်ထောင်ခြင်း အစီအစဉ်တစ်ခုအဖြစ် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှထုတ်ဝေထားသည့် YQR-11 မျိုးသစ်အား တောင်သူ့စိုက်ကွင်းတွင် စိုက်ပျိုးပြသခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တောင်သူအခြေပြု သုတေသန စခန်းတည်ထောင်ခြင်း အစီအစဉ်အဖြစ် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှထုတ်ဝေထားသည့် YQR-11 မျိုးသစ်အား စိုက်ပျိုးရေးဦးစီးဌာနဖြင့်ပူးပေါင်းကာ နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ဇမ္မူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာနှင့် ပုပ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာတို့ရှိ တောင် သူ့ စိုက်ကွင်းတွင် ၂၀၂၂ မိုးနှောင်းရာသီ တွင် စိုက်ပျိုးပြသထား ခြင်းဖြစ်ပါသည်။
စိုက်ပျိုးရေး သုတေသနဦးစီးဌာန အနေဖြင့် တောင်သူ အကျိုးပြု သုတေသနလုပ် များ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသလို တစ်ဖက်တွင်လည်း မိမိတို့၏ မျိုးနှင့် နည်းပညာများ တောင်သူများ လက်ဝယ် ရောက်ရှိရေး နှင့်တောင်သူများအခက်အခဲပြသနာများ နှင့် လိုအပ်ချက်များ သိရှိနိုင်ရေးအတွက် တောင်သူ အခြေပြုသုတေသန စခန်းများဖွင့် လှစ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတောင်သူအခြေပြုသုတေသနစခန်းဖွင့်လှစ်ခြင်း၏လှုပ်ရှားမှုတစ်ခုအနေဖြင့်တောင်သူ.စိုက်ကွင်းတွင်တောင်သူများစိုက်ပျိုးလျက်ရှိသည့်မျိုးများနှင့် ပတ်ဝန်း ကျင်ရှိ တောင်သူများ ကိုယ်တိုင် နှိုင်းယှဉ် မြင်တွေ့နိုင်ရန် နှင့် မျက်မြင် အကြိုက်ရွေးချယ်နိုင်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှထုတ်ဝေထားသည့် YQR-11 မျိုးသစ်အား တောင်သူ့စိုက်ကွင်းတွင် စိုက်ပျိုးပြသခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ YQR-11 မျိုးသစ်အား စိုက်ပျိုးပြသထားသည့် တောင်သူ.စိုက်ကွင်းများသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်ကြကာ စိုက်ပျိုးထားသူတောင်သူများ အနီးအနားဝန်းကျင်ရှိ တောင်သူများနှင့် စိုက်ပျိုးပြသ ထားသည့် မျိုးအပါ် ၎င်းတို့၏သဘောထားအမြင်များ၊ ကြိုက်နှစ်သက်မှုရှိမရှိ တို့ကိုဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ YQR-11 မျိုးသစ်အား လက်ခံစိုက်ပျိုးသူတောင်သူများမှ ရှေ့ဆက် လက် စိုက်ပျိုးရန် ကြိုက်နှစ်သက်ပါကြောင်းနှင့် အနီးအနားမှ တောင်သူများ အနေဖြင့်လည်း အဆိုပါစပါးမျိုးအပေါ် မိမိတို့စိုက်ပျိုးသည့်မျိုးထက် ရောဂါဒဏ်ပိုမိုခံနိုင်ရည်ရှိခြင်း၊ အထွက်နှုန်း သာလွန်နိုင်ခြင်း စသည့် အချက်များကြောင့် ကြိုက်နှစ်သက်ကြကာ လာမည့်နှစ်တွင် စိုက်ပျိုး လိုပါ ကြောင်းကို သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။