တောင်သူများကိုယ်တိုင် ပါဝင်ဆွေးနွေးသည့် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပခြင်း
နေပြည်တော် အောက်တိုဘာ ၁၄ တောင်သူ လယ်သမားများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေရန်
ရာသီဥတုဒဏ်၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ပြီး အသက်လျင်သောစပါးမျိုးများ၊ သီးနှံအရည်အသွေး နှင့်အထွက်နှုန်းကောင်းမွန်ပြီး အပင်ယိုင်လဲခြင်းမရှိသော စပါးမျိုးများထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးနှင့် လက်တွေ့အကျိုးဖြစ်ထွန်းစေ မည့် နည်းပညာလိုအပ်ချက်များထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊ ကြိုးပမ်းအားထုတ် မြှင့်တင်ဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က တိုက်တွန်း ပြောကြားသည်။
နည်းပညာဆွေးနွေး
ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၌ယနေ့နံနက်ပိုင်းက ကျင်းပသည့် (၁၁)ကြိမ်မြောက် တောင်သူ နည်းပညာဆွေးနွေးပွဲ {Farmers’ Technical Forum) တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အကျိုးအမြတ်ပိုမိုရရှိ(၁၁) ကြိမ်မြောက် ကျင်းပသည့် တောင်သူ နည်းပညာ ဆွေးနွေးပွဲ (Farmers’ Technical Forum)တွင် စပါး-ငါး စိုက်ပျိုး မွေးမြူရေး (Integrated Paddy. Cum Fish culture) နှင့်ပတ်သက်၍ စိုက်ပျိုးရေးသုတေ သနဦးစီး ဌာနမှပညာရှင်တစ်ဦးက ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသည့် တောင်သူများကသိရှိလိုသည်များ မေးမြန်းခြင်း လက်တွေ့အကောင်အထည် ဖော်နိုင်မည့် လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ကြသည်။
အဆိုပါဆွေးနွေးပွဲကို စပါးခင်းအတွင်း ငါးပုစွန်များ ထည့်သွင်း ၍ ရောနှောမွေးမြူခြင်းဖြင့် ရရှိ ကိုအသုံးပြုခြင်းကြောင့်တောင်သူ အတွက်ဝင်ငွေနှစ်ခုတစ်ပြိုင်တည်း ရရှိစေသဖြင့် အကျိုးအမြတ်ပိုမိုရရှိ စေရန် အဓိကရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့ စိုက်ပျိုး ရေးပညာရှင်များ၊ သုတေသီ များ၊ လယ်ဝေးမြို့နယ်မှ ဒေသခံ တောင်သူလယ်သမားများ တက် ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လယ်ယာကဏ္ဍ ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။