တိုးချဲ့ဖွဲ့စည်းပုံအရ လစ်လပ်လျှက်ရှိသော နေရာများတွင် ခန့်ထားနိုင်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် တိုးချဲ့ဖွဲ့စည်းပုံအရ လစ်လပ်လျှက်ရှိသော သုတေသနလက်ထောက်-၄၊ အငယ်တန်းစာရေး၊ စာရင်း ကိုင်/စစ်-၄နှင့် ဓါတ်ခွဲကျွမ်းကျင်-၄ရာထူး နေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် ရေးဖြေနှင့် နှုတ်ဖြေစာမေးပွဲကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အရည်အချင်းစစ် ရေးဖြေ၊ နှုတ်ဖြေစစ်ဆေးခြင်းကို ရေဆင်းတွင် လူကိုယ်တိုင် မေးမြန်းစစ်ဆေးမှုဖြင့် လည်းကောင်း၊ နီးစပ်ရာ စိုက်ပျိုးရေးပျိုးသုတေသနခြံများတွင် Online Vitural စနစ်များဖြင့် လည်း ကောင်း စီစဉ်မေးမြန်းခဲ့ပြီး စာမေးပွဲ စစ်ဆေးရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများပါဝင်သော စာမေးပွဲစိစစ်ရေးကော်မတီက ကြီးကြပ်ကျင်းပ ခဲ့ပါသည်။ ၎င်းရေးဖြေ၊ နှုတ်ဖြေစာမေးပွဲတွင် သုတေသလက်ထောက်-၄ ရာထူး (၄၈)ဦး၊ စာရင်းကိုင်-၄ရာထူး(၆)ဦး၊ အငယ်တန်း စာရေးရာထူးအတွက်(၁၀)ဦး၊ ဓါတ်ခွဲခန်းကျွမ်းကျင်-၄ ရာထူး(၃)ဦး အသီးသီး လာရောက်ဖြေဆိုခဲ့ရာ ၎င်းတို့ထဲမှ သုတေသလက်ထောက်-၄ရာထူး(၃၀)ဦး၊ စာရင်းကိုင်-၄ရာထူး (၄)ဦး၊ အငယ်တန်းစာရေးရာထူး(၄)ဦး၊ ဓါတ်ခွဲခန်းကျွမ်းကျင်-၄ ရာထူး(၂)ဦးတို့ကို ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲတွင် သတ်မှတ် အရည်အချင်းများ ပြည့်မီစွာ ဖြေဆိုအောင်မြင်ပြီး ဌာနဆိုင်ရာလူကြီးများမှ အဆင့်ဆင့် စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် တိုးချဲ့ဖွဲ့စည်းပုံအရ လစ်လပ် လျက်ရှိသော ကိုက်ညီသည့် သက်ဆိုင်ရာ ဝန်ထမ်းနေရာများတွင် ခန့်ထားမည်ဖြစ်ပါကြောင်း သတင်း ရရှိခဲ့ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန