တာယောစိုက်ပျိုးရေးသုတေသနခြံ၌နေကြာ မျိုးစေ့ထုတ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသနဌာနခွဲ၊ တာယောစိုက်ပျိုးရေး သုတေသနခြံသည် စပါးသီးနှံ ၊ပဲပုပ်သီးနှံ သုတေသနများနှင့် ရွှေရင်အေး၊ ရှမ်းပေါ်ကျွဲစပါး မျိုးသန့် မျိုးပွား ထုတ် လုပ် ခြင်း၊ ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးစေ့ထုတ်လုပ်ခြင်းများ အား အဓိက ဆောင်ရွက် နေသည့်ခြံတစ်ခြံဖြစ်ပါသည်။
၂၀၂၂ခုနှစ်၊ မိုးကြိုရာသီတွင် ရေဆင်း-၁ စပ်မျိုးနေကြာ ၈-ဧက အားစိုက် စိုက်ပျိုးထား ရှိရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိပါ ကြောင်း နှင့် မျိုးစေ့ ၊နည်းပညာ နှင့် ပတ်သက်၍ ဆက်သွယ်စုံစမ်း လိုသော ဒေသအတွင်းရှိတောင်သူများ အနေဖြင့်လည်း ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန