စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တာယောစိုက်ပျိုးရေးသုတေသနခြံတွင်စပါးဖြုတ်ပိုး ကာကွယ်နှိမ်နှင်းနည်းများ ပညာပေးကွင်း သရုပ်ပြပွဲပြုလုပ်ကျင်းပခြင်း

8
1
4
2
6
3
10
11
8 1 4 2 6 3 10 11

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသနဌာနခွဲ လက်အောက်ရှိ တာယော စိုက်ပျိုး ရေးသုတေသနခြံတွင် စပါးဖြုတ်ပိုးကာကွယ်နှိမ်နှင်းနည်းများ နှင့်စပ်လျဉ်းသည့် နည်းပညာဖြန့်ဝေပေးသည့် ပညာပေး ကွင်းသရုပ်ပြပွဲကို ၂၀၂၂ခုနှစ် အောက် တိုဘာ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တာယောစိုက်ပျိုးရေးသူတေသနခြံတွင် တောင်သူများရင်ဆိုင်နေရသည့် စပါးတွင် ကျရောက်ဖျက်ဆီးသည့် ပိုးမွှားများ ကာကွယ်နှိမ်နင်းနိုင်ရေး ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ AFACI( Asian Food and Agriculture Cooperation Initiative ) ၏ အထောက်အပံ့ဖြင့် ဖြုတ်ပိုးကာကွယ်နှိမ်နင်းနင်းရန် အကောင်းဆုံးဆေးအား ရှာဖွေခြင်း သုတေသနအား ဆောင်ရွက် လျက်ရှိရာ အဆိုပါပါစမ်းသပ်ချက်များ၏ ရလာဒ်များအား တောင်သူများသို့ လက်တွေ့ ပြသ၍ ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး၊ တာယော စိုက်ပျိုးရေးသုတေသနခြံမှ ခြံတာဝန်ခံနှင့်တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ် ညောင်ရွှေ၊ ရွှေညောင် အုပ်စုများမှ တောင်သူများ တက်ရောက်ခဲ့ကြပါသည်။

ကွင်းသရုပ်ပြပွဲအခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဥယျာဉ်ခြံသီးနှံ သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်သိန်းညွန့်မှ ဖြုတ်ပိုးကာကွယ်နှိမ်နင်းရန် အတွက် အကောင်းဆုံး တွေ့ရှိချက်ဖြစ်သည့် Vinegar (ပေါင်းခံရည်) သဘာဝပိုး သတ်ဆေးနှင့်သတ်သက်၍လည်းကောင်း၊ သဘာဝပေါင်းခံရည် ပြုလုပ်ရရှိနိုင်သည့် စပါးခွံ၊ ဝါး စသည်တို့အား ပေါင်းခံရည် ပြုလုပ် သုံးစွဲနိုင်သည့် နည်းလမ်းများ၊ ဖြုတ်အပြင် အခြားနှိမ်နင်းနင်းနိုင်သည့် ပိုးမွှားများနှင့် ဆက်စပ်၍လည်းကောင်း ရှင်းလင်း ပြောကြား ပေးခဲ့ပါသည်။

ဆက်လက်၍ခြံတာဝန်ခံမှ စပါးတွင် ဖြုတ်ပိုးကျရောက်ဖျက်စီးမှုနှင့်ပတ်သက်၍ ဖြုတ်ပိုး၏ရှင်သန်ပေါက်ပွားနိုင်မှု၊ အထွက်နှုန်းအပေါ် ထိခိုက်စေမှုတို့နှင့် ဆက်စပ်၍ လည်းကောင်း၊ ရရှိလာသည့် သုတေသနရလာဒ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ပြောကြားပေးခဲ့ပြီး တောင်သူ များနှင့် တက်ရောက်လာကြသူများမှ သိလိုသည့် အချက်များအား မေးမြန်းခဲ့ ကြရာ ညွှန်ကြား ရေးမှူးနှင့် ခြံတာဝန်ခံမှ ပြန်လည် ဖြေကြားပေးခဲ့ပါသည်။

ထို့နောက်စိုက်ကွင်းအတွင်းစမ်းသပ်ပြသထားသည်များအား တောင်သူများမှ စိတ်ပါဝင်စား စွာ လိုက်လံကြည့်ရှု ခဲ့ပါ ကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။