စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တတိယအကြိမ် တောင်လယ်သမားဖိုရမ်ကျင်းပခြင်း

2
3
1
4
5
2 3 1 4 5

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရေဆင်းရှိစုဝေးခန်းမတွင် အပတ်စဉ် ကျင်းပလျက်ရှိသည့် တောင်သူလယ်သမားဖိုရမ်ကို “နွေစပါးစိုက်ခင်းများတွင် စပါးဘီလူးများ ဖယ်ရှားရှင်းလင်း နိုင်ရေး” ခေါင်းစဉ်ဖြင့် ၂၀၂၃ခုနှစ်ဩဂုတ်လ (၁၉)ရက် နံနင်းပိုင်းက ကျင်းပခဲ့ရာ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုး ရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သီးနှံ)၊ စက်မှုလယ်ယာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှုးများနှင့် သုတေသီ ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်မှ တိုင်းတာဝန်ခံများ၊ ဒုတိုင်းတာဝန်ခံများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် စိုက်ပျိုးရေးပညာရှင်များ၊ ဖိတ်ကြားထားသော လယ်ဝေးမြို့နယ် နှင့်ဇေယျာသီရိမြို့နယ်တို့မှ တောင်သူဦးကြီးများ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အမှာစကား ပြောကြားရာတွင် လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာအတွေ့အကြုံများ နှီးနှောဖလှယ်နိုင်ရေး နှင့် အခက်အခဲ ပြဿနာများကို အကောင်းဆုံး ကျော်ဖြတ်နိုင်မည့်နည်းလမ်းများ ညှိနှိုင်းအဖြေရှာဖော် ထုတ်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ သုတေသီများ၊ ပညာရှင်များနှင့် စိုက်ပျိုးပညာပေး တာဝန်ရှိသူများအကြား နည်းပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများပုံမှန်ကျင်းပပြီး သိသာထင်ရှားသော ပြောင်းလဲတိုး တက်မှုများ ဖော်ဆောင်ပေးနိုင်ရေးအတွက် လုပ်နည်းလုပ်ဟန် အသွင်ကူးပြောင်းမှု ဆန်ဆန်ဖြင့် ကြိုးပမ်းသွားကြရန်တိုက်တွန်း ပါကြောင်း၊ လယ်ယကဏ္ဍတွင် အများဆုံး ကြုံတွေ့နေကြရသည့် မျိုးပြဿနာ၊ မြေပြဿနာ၊ ရေပြဿနာနှင့် နည်းပညာပညာများအပြင် ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်းများ ဖြေရှင်းပေးနိုင်ရေးနှင့် လယ်ယာကဏ္ဍအခက်အခဲပြဿနာများကို အကောင်းဆုံး ကျော်ဖြတ်နိုင်မည့်၏နည်းလမ်းများညှိနှိုင်း အဖြေရှာဖော်ထုတ်ဆောင်ရွက် နိုင်ရန်လိုကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အမှာစကားပြောကြားရာတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် နိုင်ငံတစ်ဝှမ်းရှိ ဆည်ရေလှောင်တမံများ ရေဝင်ရောက်မှု လျော့နည်းလာသည့်အတွက် စိုက်ပျိုးရေဖူလုံမှုရှိစေရန် ရေရရှိရေးနည်းလမ်းပေါင်းစုံကို ဌာနနှင့် တောင်သူများ ဝိုင်ဝန်း၍ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေကိုလျော့ချသုံးစွဲ၍ ရေကိုတ ဆင့်ပြန်လည်အသုံးချနိုင်ရန်လိုကြောင်း၊ ရေအလေအလွင့်မဖြစ်စေရေး၊ ရေချွေတာနိုင်ရေး အတွက် ကောင်းမွန်သည့်ရေပေးဝေစနစ်ကို ကျင့်သုံးကြရန်လိုကြောင်းပြောကြားသည်။

ယနေ့ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ သုတေသီများ၊ ပညာရှင်များနှင့် စိုက်ပျိုးပညာပေး တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ တောင်သူများ တက်ရောက်ခဲ့ကြပြီး နွေစပါးစိုက်ခင်းများတွင် စပါးဘီလူး(စပါးရိုင်း)များ ဖယ်ရှားရှင်းလင်းနိုင်ရေး ဆိုင်ရာနည်း စနစ်များကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။