စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်သော သီးနှံပုံစံ အတွဲများ စမ်းသပ်/စံပြ ဆောင်ရွက် စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲကျင်းပ

DSC00338
DSC00334
DSC00335
DSC00350
DSC00355
DSC00356
New Microsoft Word Document
DSC00357
DSC00336
DSC00368
DSC00344
DSC00366
DSC00343
DSC00351
DSC00365
DSC00338 DSC00334 DSC00335 DSC00350 DSC00355 DSC00356 New Microsoft Word Document DSC00357 DSC00336 DSC00368 DSC00344 DSC00366 DSC00343 DSC00351 DSC00365

စိုက်ပျိုးရေးသုတေသနဉီးစီးဌာန (ရေဆင်း) ရှိ တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံ အတွဲများ စမ်းသပ်/စံပြ စိုက်ပျိုးထားခြင်း အားပြသသည့်ကွင်းသရုပ်ပြပွဲကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်ကကျင်းပခဲ့ပါသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးစီးပွား၊ စိုက်ပျိုးမွေးမြူရေးစနစ်နှင့် နည်းပညာသုတေသနပြန့်ပွားရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး နှင့် သီးနှံအတွဲများ အလိုက်တာဝန်ယူ ဆောင်ရွက် နေ သည့် သုတေသီပညာရှင်များ၊ နေပြည်တော်၊ ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ပုပ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ် များရှိ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ(၂၉ဦး)နှင့် တောင်သူများ (၅၀ဦး) စုစုပေါင်း (၇၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါကွင်းသရုပ်ပြပွဲ တွင် ရှေးဦးစွာ စိုက်ပျိုးမွေးမြူရေးစနစ်နှင့် နည်းပညာသုတေသနပြန့်ပွားရေးဌာနခွဲ မှ ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်ထွေး မှ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံ အတွဲများ စမ်းသပ်/စံပြ စိုက်ပျိုး ထားခြင်း၏ ရည်ရွယ်ချက်၊ ဆောင်ရွက်ရသည့် အကြောင်းရင်းများအား ရှင်းလင်း ပြောကြား ပေးခဲ့ပြီး ကွင်းသရုပ်ပြပွဲသို့ တက်ရောက် လာကြသူများအား တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံ အတွဲများ စမ်းသပ်/စံပြ စိုက်ပျိုးခြင်းစီမံကိန်းတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော ပညာရှင် များနှင့် မိတ်ဆက်ပေးခြင်းများဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူတစ်ဦးမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ နှင့်ဆောင်ရွက်ရသည့် အကြောင်းရင်းများအား ရှင်းလင်းပြသခဲ့ပါသည်။

ဆက်လက်၍လက်ရှိ ရာသီတွင် စိုက်ပျိုး ထားသည့် နေကြာ၊ မြေပဲ၊ အစေ့ထုတ်ပြောင်း ၊ ကြက်သွန်နီ၊ သစ်စိမ်း၊ မတ်ပဲ၊ စပါးသား တက်ဆင့်ပွားစနစ်၊ ဖူးစားပြောင်း၊ ကုလားပဲ၊ စိုက်ခင်းများ စံပြစိုက်ပျိုးပြသထားခြင်းများအား သီးနှံ တမျိုးချင်းစီ အလိုက် တာဝန်ယူ ဆောင်ရွက် နေသည့် တာဝန်ခံများ၊ ရောဂါ၊ ပိုးမွှားတာဝန်ခံများမှ လိုက်လံပြသရှင်းလင်းပေးခဲ့ကြရာ တက်ရောက်လာသူများမှစိတ်ပါဝင်စားစွာကြည့်ရှု လေုလာ ၍ သိလို သည်များ မေးမြန်းခြင်းများ၊တာဝန်ခံများမှ ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ကြပါသည်။

အစီအစဉ်အရ စံပြစိုက်ကွင်း၏ ရှင်းလင်းဆောင်တွင် မြေပဲ၊နှမ်း၊ မတ်ပဲစသည့် သီးနှံမျိုးများ ၊ စိုက်ချိန်၊စိုက်နည်းစနစ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ စပါးသား တက်ဆင့်ပွားနည်းပညာနှင့် စပ်လျဉ်း၍လည်းကောင်း တက်ရောက်လာသူများမှ မေးမြန်း လာခြင်းများအပေါ် တာဝန်ခံများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးပေး ခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။