စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဌာနပေါင်းစုံပူးပေါင်းပါဝင်သော သဘာဝဝတ်မှုန် ကူး မျိုး ဆင်းရွှေကြာ-၂ မျိုးသန့်ထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပခြင်း

eghthynedtr
fbjuungyu
dg nukjfg
Capture
gnjkniklu8
eghthynedtr fbjuungyu dg nukjfg Capture gnjkniklu8

၂၀၂၃ခုနှစ်မေလ(၂၁)ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာမှ တောင်သူ ဉီးညွန့်ရှိန် ၏ (၅.၀၀)ဧက စိုက်ကွက်တွင် ဌာနပေါင်းစုံပူးပေါင်းပါဝင်သော သဘာဝဝတ်မှုန်ကူးမျိုး ဆင်းရွှေကြာ-၂ မျိုးသန့်ထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲ ကိုကျင်းပခဲ့သည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွ‌ဲမှုဉီးစီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ ပညာပေးဝန်ထမ်းများနှင့် နေကြာသီးနှံ ပညာရှင်သုတေသီများ၊ နေပြည်တော်(၈) မြို့နယ်မှ ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့်တက်ရောက်ကြပါသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးမှ အမှာစကား ပြောကြား ရာ စိုက်ပျိုးရာသီ တစ်ရာသီ၊နှစ်ရာသီ အတွင်းစားသုံးဆီဖူလုံရေးအတွက်ဆီထွက်သီးနှံ နေကြာ တိုးချဲ့စိုက်ပျိုးရေး အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးတောင်သူများ ဝင်ငွေတိုး တက်ရရှိရေး၊ အစားအစာ ဘေးကင်းလုံခြုံရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေအနေပေးသော ဒေသများတွင် အထွက်နှုန်းပိုမိုကောင်းမွန်သော နေကြာစပ်မျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိသလိုမျိုးကောင်းမျိုးသန့်များ ပိုမိုအသုံး ပြုနိုင်ရေးအတွက် မျိုးသန့်မျိုးပွား ထုတ်လုပ်ခြင်း လုပ်ငန်းများကို တောင်သူများကိုယ်တိုင် ပါဝင်လုပ်ကိုင်နိုင်စေရန် အားပေး ဆောင်ရွက် လျက်ရှိကြောင်းပြောကြားပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းမှ သဘာဝဝတ်မှုန်ကူးမျိုး ဆင်းရွှေကြာ-၂ မျိုးသန့်မျိုးစေ့ အဆင့်ဆင့် မျိုးသန့် ထိန်းသိမ်းနည်းစနစ် နှင့် ထုတ်လုပ်ပွားများခြင်း အားဆောင်ရွက်ရသည့် အဓိက ရည်ရွယ်ချက်၊ ဆောင်ရွက်ခဲ့ သည့် နည်းလမ်းများ၊ ရရှိလာမည့်အကျိုးကျေးဇူးများနှင့်မျိုးစေ့ အဆင့် ခွဲခြားခြင်းများအား ရှင်းလင်း တင်ပြခဲ့ရာတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးပေးခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဒေသခံ တောင်သူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များကိုညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး တောင်သူများနှင့် အတူ နေကြာ သဘာဝဝတ်မှုန်ကူးမျိုး ဆင်းရွှေကြာ-၂ မျိုးစေ့ ဝတ်မှုန် ကူးခြင်းလက်တွေ့သရုပ်ပြပွဲကိုကြည့်ရှု အားပေးခဲ့ကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြ အပ် ပါသည်။