ဆီထွက်သီးနှံသုတေသနဆောင်ရွက်နေမှုများအား လူငယ်သုတေသီများ လေ့လာခြင်း
Plants’ doctor program မှ လူငယ်စိုက်ပျိုးရေးသုတေသီများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ယာသီးနှံ သုတေသနခွဲ၊ ဆီထွက်သီးနှံသုတေသန ဌာနစုတွင်ဆောင်ရွက်လျက် ရှိသည့် ဆီထွက်သီးနှံ သုတေသနလုပ်ငန်းများ ကို ၂၀၂၂ခုနှစ် စက်တင်ဘာ ၃၀ ရက်က သွားရောက်လေ့လာခဲ့ကြပါသည်။
ထိုသို့သွားရောက်လေ့လာခဲ့ရာ နံနက်ပိုင်းတွင် လက်ရှိတွင် ကွင်းအတွင်း သုတေသန ပြုဆောင်ရွက်လျက်ရှိသည့် မြေပဲ၊နှမ်း၊နေကြာ သီးနှံများ သုတေသနပြု ဆောင်ရွက် ထားရှိမှုများအားလည်းကောင်း၊ သီးနှံအလိုက်၊ရည်ရွယ်ချက်အလိုက် ကောက်ယူရမည့် မှတ်တမ်းအချက်အလက်များ ကောက်ယူနေမှအားလည်းကောင်း တာဝန်ရှိသူများမှ ရှင်းလင်းပြသပေးခဲ့ ကြကာ လက်တွေ့ပြသပေးခဲ့ကြပါသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ဆီထွက်သီးနှံ သုတေသနဌာနစုမှ တာဝန်ရှိသူတစ်ဦးမှ စာတွေ့အပိုင်းအား သင်ကြားပေးခဲ့ရာ ဆီထွက်သီးနှံ သုတေသနဌာနစု၏ သီးနှံများ သုတေသနပြုဆောင်ရွက်ရာတွင် ထားရှိသည့် မျှော်မှန်းချက်များ၊ လုပ်ငန်းတာဝန်များနှင့် ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဓိကသုတေသနပြုဆောင်ရွက်လျက် ရှိသည့် မြေပဲ၊နှမ်း၊နေကြာ၊ဆီမုန်ညင်း၊ ဆူးပန်းသီးနှံများနှင့် စပ်လျဉ်း၍ ထုတ်ဝေပြီးမျိုးများ ၊ ၎င်းတို့ အရည်အချင်းလက္ခာများ၊ သီးနှံအလိုက် သုတေသနများ ဆောင် ရွက်ရာတွင် ကောက်ယူရမည့်မှတ်တမ်းများ၊ သီးနှံတစ်မျိုးချင်းစီအလိုက် လိုအပ်သည့် မြေအမျိုးအစား၊ ရာသီဉတု ၊ မျိုးရွေးချယ်မှု၊ စိုက်ချိန်၊ စိုက်နည်းစနစ်၊ သွင်းအားစု၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်းစသည့် သိသင့်သိထိုက်သည်များအား သင်ကြားပို့ချပေးခဲ့ပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန