စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဆီထွက်သီးနှံမျိုးသစ်များနှင့် ပန်းတိုင် အထွက်နှုန်း ရရှိရေးဆောင်ရွက်နိုင်ရန် သိမှတ်ဖွယ်ရာများအကြောင်း ဆွေးနွေးပွဲကျင်းပခြင်း

1
2
3
5
4
1 2 3 5 4

၂၀၂၃ခုနှစ် ဒီဇင်ဘာ(၂)ရက် က(၁၆)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမတွင် “ဆီထွက်သီးနှံမျိုးသစ်များနှင့် ပန်းတိုင် အထွက်နှုန်း ရရှိရေးဆောင်ရွက်နိုင်ရန် သိမှတ် ဖွယ်ရာများ အကြောင်း ဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါ (၁၆)ကြိမ်မြောက်တောင်သူနည်းပညာဆွေးနွေးပွဲသို့ ဉတ္တရသီရိမြို့နယ်မှ တောင်သူကြီးများနှင့် အတူ စိုက်ပျိုးရေး သုတေ သန ဦးစီးဌာန မှညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် သုတေသီ ပညာရှင်များ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေမှ ဒုတိုင်းတာဝန်ခံများ၊ မြို့နယ်ဦးစီး အရာရှိ များနှင့် စိုက်ပျိုးရေး ပညာရှင်များ၊ ဖိတ်ကြား ထားသော နေပြည်တော် ကောင်စီ နယ်မြေ ဉတ္တရသီရိမြို့နယ် မှ တောင်သူဦးကြီးများနှင့် Zoom ဖြင့် Online မှတက် ရောက်သူ (စုစုပေါင်း ၈၅ ဦး) တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာစိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိင်ကြည်ဝင်းမှ တက်ရောက်လာသူများအား ဦးစွာ ကျေးဇူးတင်စကား ပြောကြားပြီး စိုက်ပျိုးရေး သုတေသနဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနမူဝါဒများအရ တောင်သူ နည်းပညာ ဆွေးနွေးပွဲအား စိုက်ပျိုးရေးဦးစီးဌာနဖြင့်ပူးပေါင်းကာ အိမ်ရှင် အဖြစ်ဆက်လက် ကျင်းပ ခဲ့သည်မှာ (၁၆)ကြိမ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း၊

တောင်သူများ အနေဖြင့် ရာသီချိန်အလိုက်၊ ရာသီဉတု ပြောင်းလဲမှုနှင့်အညီ သင့်လျော်ကိုက်ညီသည့် မျိုးသစ်များပြောင်းလဲအသုံးပြု စိုက်ပျိုး နိုင်စေရန် အတွက် ဆီထွက်သီးနှံ မျိုးသစ်များ ၊ ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်း နည်းများနှင့် စိုက်စနစ်များအား သိရှိလာစေရေးအတွက် ယခုလို တောင်သူနည်းပညာပေး ဆွေးနွေး ပွဲများ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊

ယနေ့ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူ များအနေဖြင့် အထွက်နှုန်းကောင်း မျိုးကောင်း၊မျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်နှင့် စိုက်ချိန်မှန်ကန်စွာ စိုက်ပျိုးရေး၊ ပိုးမွှား/ ရောဂါတို့ အချိန်မှီ ကာကွယ် နှိမ်နင်း၍ အချိန်မှီရိတ်သိမ်းခြင်းတို့ဖြင့် ဆီထွက်သီးနှံမျိုးသစ်များနှင့် ပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် ဆောင်ရွက်သွားကြရန် အထူးတိုက်တွန်း လိုပါ ကြောင်း၊ ယခု ဆွေးနွေးပွဲသည် တောင်သူများထံ မျိုးနှင့်နည်းပညာ များအား ကျယ် ကျယ် ပြန့်ပြန့်ရောက်ရှိ အသုံးပြုစေ ရေးအတွက် စိုက်ပျိုးရေးသုတေ သနဦးစီးဌာန၊ စိုက် ပျိုးရေး ဦးစီးဌာနနှင့် တောင်သူ များအကြား အကျိုးရှိထိရောက်သည့် ပူးပေါင်း ဆောင် ရွက်သည့် လှုပ်ရှားမှု တစ်ခုဖြစ်ပါကြောင်း၊

တောင်သူကြီးများအနေဖြင့် မိမိတို့၏ ဗဟု သုတ ကိုအခြေခံကာ အမြင်မတူသည် များကို လည်း ဆွေးနွေးကြရန် လိုအပ် သလို သိရှိလို သည်များအား မေးမြန်း နိုင်ကြောင်း နှင့် မိမိတို့သိရှိ သည်များ ကိုလည်း ပြန်လည် မျှဝေ ပေးစေ လိုပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာဖူလုံရေး နှင့်အာဟာရပြည့်ဝရေး ဆောင်ရွက်ကြရာ တွင်ဝန်ကြီးဌာနအောက်ရှိ ဌာနပေါင်းစုံပူးပေါင်း ဆောင်ရွက်ရေးနှင့် တောင်သူလယ်သမား များပူးပေါင်း ဆောင် ရွက် ရေးသည် များစွာအရေးကြီးပါကြောင်း၊

ထို့ကြောင့်မိမိတို့၏ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် Farmer Channel အဖွဲ့ကို ဖွဲ့စည်းထူထောင်ခဲ့ပြီး ယခုဆိုလျှင် တစ်ဆင့်တက်၍ တောင်သူနည်းပညာဖလှယ်ပွဲများ ကိုအပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

လာ မည့် အနာဂတ်ကာလတွင် မိမိတို့သုတေသန လုပ်ငန်းများ၊ သီးနှံမျိုးမွေးမြူရေး လုပ်ငန်းများ၊ မျိုးရွေးချယ်ရေးလုပ်ငန်းများတွင် တောင်သူ လယ်သမားများ ပိုမို ပါဝင် လာကြစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးမှ ဆီထွက် သီးနှံသည် ဆန်ပြီးလျှင် ဒုတိယအရေးကြီးဆုံးသီးနှံဖြစ်ကြောင်း၊ ယခုဆိုလျှင် ဆီထွက်သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ မြေပဲ အပြင် နေကြာ သီးနှံပါ တိုးချဲ့ စိုက်ပျိုး လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးဆိုင်ရာ သီးသန့် ချေးငွေများလည်းထုတ်ချေးပေးလျက်ရှိပါကြောင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် မျိုး လိုအပ် ချက်တို့အတွက် ဖြည့်ဆည်းပေး နိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက် ပေး လျက်ရှိပါကြောင်း၊

ယခုလို နည်းပညာ ဆွေးနွေး ပွဲများ ဆောင်ရွက်ခြင်းဖြင့် တောင်သူများ ၏ အခက်အခဲများကို မိမိတို့ဌာနများ အနေဖြင့် ဖြေရှင်း ပေးနိုင်ရေး ဆောင် ရွက် ပေးသွား နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆီထွက်သီးနှံမျိုးသစ်များနှင့် ပန်းတိုင် အထွက်နှုန်း ရရှိရေး ဆောင် ရွက်နိုင်ရန် သိမှတ်ဖွယ်ရာအကြောင်းအရာများအား ဆွေးနွေးကြရာ စိုက်ပျိုး ရေး သုတေသနဦးစီးဌာနမှ ဒေါက်တာခင်မျိုးဝင်း ၊ ဒေါက်တာသက်ရည်ခိုင်၊ ဒေါက်တာ ခင်မာမြိုင်တို့ မှ မြန်မာ နိုင်ငံတွင် အဓိက စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် မြေပဲ၊ နှမ်း၊နေကြာ၊ ဆူးပန်း၊ပန်းနှမ်း၊ဆီမုန်ညင်းမျိုးများ ၏ သုတေသနပြုရရှိလာသည့် ထုတ်ဝေပြီး မျိုးများ ၏အရည်အချင်းလက္ခဏာများနှင့် စပ်လျဉ်း၍လည်းကောင်း ၊

ဆီထွက်သီးနှံ များတွင် ကျရောက်တတ်သော ရောဂါများနှင့် သီးနှံကာကွယ်ရေး နည်းလမ်း များအား လည်း ကောင်း၊ ဆီထွက်သီးနှံတွင်ကျရောက်တက်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်း နည်းများအား လည်းကောင်း၊ ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးအေးမင်းထွန်း မှဆီ ထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများ အားလည်းကောင်း ၊ အသီးသီး ဆွေး နွေး ခဲ့ကြရာ တက်ရောက် လာသည့် တောင် သူများမှ သိလိုသည်များအား မေးမြန်းခြင်း၊ ပြန်လည် ဆွေးနွေး ခြင်းများ ဆောင်ရွက် ခဲ့ကြပါကြောင်းသတင်း မှတ်တမ်း အဖြစ် ဖော်ပြ အပ် ပါသည်။