စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စီပင်စိုက်ပျိုးရေးသုတေသနခြံသို့မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာသီးနှံ သုတေသနလုပ်ငန်းများ လာရောက် လေ့လာသင်ယူလျက်ရှိသော သင်တန်းသားများ သွားရောက်လေ့လာခြင်း

2
6
3
1
4
7
8
14
11
IMG_7867
IMG_7831
IMG_7870
IMG_7875
IMG_7885
2 6 3 1 4 7 8 14 11 IMG_7867 IMG_7831 IMG_7870 IMG_7875 IMG_7885

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ ယာသီးနှံသုတေသနဌာနခွဲ၊ ဆီထွက်သီးနှံသုတေသနဌာနစုတွင် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်း သားများ နေကြာသီးနှံသုတေသနလုပ်ငန်းများ လာရောက် လေ့လာသင်ယူလျက်ရှိပါသည်။

အဆိုပါသင်တန်းသားများသည် ယာသီးနှံသုတေသနဌာခွဲ၊ ဆီထွက်သီးနှံဌာနစုမှ တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအောက်ရှိ စီပင်စိုက်ပျိုးရေးသုတေသနခြံသို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၈)ရက် နေ့လည်ပိုင်းက လေ့လာရေးသွားရောက်ခဲ့ကြပါသည်။

ထိုသို့လေ့လာရေးသွားရောက်ခဲ့ရာ ခြံတာဝန်ခံနှင့် တာဝန်ရှိသူများမှ သင်တန်းသားများ အား နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ခြံတာဝန်ခံက ခြံ၏သမိုင်းကြောင်းနှင့် ဆောင်ရွက်လှျက်ရှိသည့် သုတေသနလုပ်ငန်းများ၊ နေကြာသီးနှံစီမံကိန်းအရ ဆောင်ရွက်ထားရှိသည့် ဆင်းရွှေကြာ-၂ (OPV) မျိုးသန့်ပွားများသည့် လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ခြံအတွင်းစိုက်ပျိုးထားရှိသည့် သုတေသနစိုက်ခင်းများနှင့် ဆင်းရွှေကြာ-၂ (OPV) မျိုးသန့် ပွားများသည့်စိုက်ခင်းများသို့ လိုက်လံကြည့်ရှုလေ့လာခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန