စီပင်စိုက်ပျိုးရေးသုတေသနခြံတွင်ကွင်းသရုပ်ပြပွဲကျင်းပခြင်း
၂၀၂၃ခုနှစ်ဖေဖော်ဝါရီ ၁၂ရက်က အပြည်ပြည်ဆိုင်ရာ ပြောင်းနှင့်ဂျုံ ဖွံ့ဖြိုးတိုးတက်မှု စင်တာ (CIMMYT Project) ၏ အထောက်အပံ့ဖြင့် ဖောငမြောင်တောင်အား သီးနှံစိုက်စနစ်နည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းသုတေသနကွင်းပြပွဲကို စီပင်စိုက်ပျိုးရေးသုတေသနခြံတွင် ကျင်းပခဲ့ရာ ပြောင်းစိုက်တောင်သူ (၂၇)ဦး၊ TBL ကုမ္ပဏီ (၂) ဦးနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဝန်ထမ်း ss(၁၁)ဦးစုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွှန့်က အမှာစကားပြောကြားပြီး ဖောငမြောင်တောင်အား သီးနှံစိုက်စနစ်နည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းသုတေသနတွေ့ရှိချက်များကို ဆွေးနွေးြပီး သုတေသနအရာရှိ ဒေါက်တာသက်ရည်ခိုင်က သီးနှံပင်များ ဘက်စုံရောဂါကာကွယ်နှိမ်နင်းနည်းများကို ပို့ချဆွေးနွေးသည်။ ထို့နောက် စီပင်စိုက်ပျိုးရေးသုတေသန ခြံမှ ဒေါ်သန်းသန်းမာမှ စမ်းသပ်ကွက်် လက်ရှိအခြေအနေကိုဆွေးနွေးးပြီး စိုက်ကွင်းအတွင်းကြည့်ရှုပြီးသိလိုသမျှမေးမြန်းကြကြောင်း သတင်းရရှိပါသည်။