စိုက်ပျိုးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် ရေအနည်းလို-၇ စပါးမျိုးအား ရေပုံမှန် မရနိုင်သည့် တောင်သူများအကြိုက်တွေ့လျက်ရှိခြင်း
၂၀၂၃ ခုနှစ် ဇူလိုင်လ(၂၆)ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာနစိုက်ပျိုးမွေးမြူရေးစနစ် နှင့် နည်းပညာပြန့်ပွားရေး သုတေသန ဌာနခွဲ၊ သီးနှံမျိုးစေ့ သုတေသန နှင့် မျိုးစေ့ပွားများရေး ဌာနစုအနေဖြင့် လယ်ဝေးမြို့နယ် အောင်းကြီးကုန်းကျေးရွာရှိတောင်သူ ဦးမြလှိုင်၏ လယ်မြေတွင် အောင်မြင်ဖြစ်ထွန်းနေသည့် ရေအနည်းလိုစပါးမျိုးများ ရိတ်သိမ်းနေမှုအားသွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
“ရေအနည်းလို(၇)စပါးမျိုးနှင့်ပတ်သက်၍ ယခင်က မည်သည့်စပါးမျိုးအားစိုက်စိုက် အထွက်နှုန် ၁၀ နှင့် ၂၀ ကြားသာရရှိသည့် ရေရရှိရန်ခက်ခဲသည့် မိမိ၏လယ်များတွင် ယခုနှစ် တွင် (တင်း-၈၀) ခန့် အထွက်ရသည့် အတွက် အလွန်ကိုပျော်ရွှင်ပါကြောင်းနှင့် အံ့ဩဝမ်းသာမိပါကြောင်းနှင့် ပတ်ဝန်းကျင် အနီးအနားမှ တောင်သူများအနေဖြင့်လည်း အဆိုပါစပါးမျိုး စိုက်ပျိုးထားမှု အပေါ်စိတ်ဝင်စားမှုမြင့်တက်လက်ရှိကာ လာရောက်ကြည့်ရှုကြပါကြောင်း စိုက်ပျိုးသူ တောင်သူဦးမြလှိုင်မှပြောကြားခဲ့ပါသည်။”၊ အသက်ရက်နှင့်ပတ်သက်၍လည်းသက်တမ်း ၁၁၀ခန့်သာရှိခြင်းနှင့် စိုက်ပျိုးထားစဉ်တလျှောက် အလွန်ဂရုစိုက်စရာမလိုပဲ အကြမ်းခံခြင်းကြောင့်များစွာသဘောကျမိကြောင်း”
“ အဆိုပါစပါးမျိုးအားစိုက်ပျိုးဖြစ်ခဲ့ပုံနှင့်ပတ်သက်၍လည်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာန သို့လေ့လာရေးသွားရောက်ရာမှ မိမိ ၏အခက်အခဲဖြစ်သည့် ရေမသေချာသည့် အတွက် အထွက်နှုန်းနည်းသည့် ပြသနာအားပြောပြရာမှ ရေအနည်းငယ်သာလို၍ ရေငတ်ဒဏ်ခံသည့် မျိုးအားညွှန်ပေးခဲ့ခြင်းကြောင့် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း”နှင့်
“ ထိုသို့သင့်တော်သည့် မျိုးအားညွှန်ပေးခဲ့သည့် အပြင် စိုက်ပျိုးဖြစ်ထွန်းမှုများအား လာရောက်ကြည့်ရှုပေးသည့် တာဝန်ရှိသူ များအားလည်း အထူးကျေးဇူး တင်ရှိကြောင်း”ပြောကြားပေးခဲ့ပါသည်။
ရေအနည်းလို(၇) ၏ ထူးခြားသည့် အရည်အချင်းလက္ခဏာများမှာ ရေငတ်ဒဏ်ခံခြင်း၊ အသက်လျင်ခြင်း၊ BBဒဏ် အသင့်အတင့်ခံခြင်း၊နှင့် စားသုံးမှုအရည်အသွေးလည်းကောင်းမွန် ခြင်းတို့ဖြစ်ကြပါသည်။
အဆိုပါစပါးမျိုးအား ဆည်ရေသောက်၊မိုးရေသောက်ဒေသများတွင် သွင်းရေ၊မိုးရေလုံလောက်စွာမရရှိသည့် မိုးခေါင်ရေရှားဒေသများ၊ မြစ်ရေတင်ဒေသများ၊ စိုက်ပျိုးရေချွေတာသုံးစွဲရသည့် ဒေသများတွင် နွေစပါး၊ မိုးစပါး အဖြစ် စိုက်ပျိုးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။