စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ခိုင်ရွှေဝါငွေစုငွေချေး သမအသင်းမှ ဝန်ထမ်းများအားအားဆန်၊ဆီ များ ထောက်ပံခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ ဝန်ထမ်းများအား ခိုင်ရွှေဝါငွေစုငွေချေး သမအသင်းမှ ၂၀၂၂ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာလများအတွက် ဆန် ၊ဆီများ ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာ(၁)ရက် နေ့က စိုက်ပျိုးရေး သုတေသနဦးစီးဌာန တွင် ဆောင်ရွက်ခဲ့ရာ ဌာနခွဲ၊ဌာနစုများအလိုက် အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
ခိုင်ရွှေဝါငွေစုငွေချေးသမအသင်းအနေဖြင့် အသင်းဝင်များအား အခြားသော ထောက်ပံ့မှုများစဉ်ဆက် ပြုလုပ်ခဲ့ရာ ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် ဧရာမင်းဆန် (၆)ပြည်၊ အောက်တိုဘာလတွင် ပဲဆီ (၁)ပိသာနှုန်းဖြင့် အသင်းဝင် တစ်ဦး ချင်း ဆီ အတွက် ထောက်ပံ့ခဲ့ပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။