စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် အုတ်တွင်းမြို့နယ်ဒေသခံ တောင်သူများနှင့်တွေ့ဆုံခြင်း

3
5
1
2
6
4
7
3 5 1 2 6 4 7

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် သည် ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဒေသခံတောင်သူများနှင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ(၂၅)ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးမှ ဒေသခံတောင်သူများအား သက်တမ်းတိုစပါးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်မှ နောက်သီးနှံများအချိန်မှီစိုက်ပျိုးမှုအတွက် အချိန်လုံလောက်စွာရရှိနိုင်မှာဖြစ်ပြီး သီးထပ်စွမ်း အားဆောင်ရွက်ရာမှာ မျိုးစေ့ကဏ္ဍသည် အလွန်အရေးကြီးကြောင်း ၊ ဒေသအလိုက်တာဝန် ရှိသူများအနေဖြင့် တောင်သူများဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍ တစ်ခုလုံး သိသာစွာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျရာကဏ္ဍများတွင် ကြိုးပမ်းအကောင် အထည်ဖော် စေလိုကြောင်းဆွေးနွေးပေးခဲ့ပါသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှတာဝန်ရှိသူများမှ မိဘမျိုးစေ့ပွားများခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းများအားလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ( ၂၀၁၂)ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဉပဒေ၊ (၂၀၂၀)ပြည့်နှစ် လယ်ယာမြေဉပဒေကိုပြင်ဆင်သည့် ဉပဒေပါအ‌ခြေခံသိသင့် သိထိုက်သည့် ဥပဒေ၊နည်းဥပဒေပါအကြောင်းအရာများအားလည်းကောင်း၊ စက်မှုလယ်ယာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ လက်ရှိလယ်ယာကဏ္ဍတွင် လယ်ယာလုပ်အားရှားပါးမှု၊ ရာသီဉတုပြောင်းလဲလာမှု၊ တောင်သူတွေအနေဖြင့် တစ်သီးမှနှစ်သီး သုံးသီးစိုက်ပျိုးရန် ကြိုးပမ်းလာမှုနှင့် ကျွဲ ၊နွားများ ရှားပါးလာမှုအခြေအနေများကြောင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းဖို့မဖြစ်မနေဆောင်ရွက်ကြရာတွင် လက်ရှိဆောင်ရွက်ထား ရှိမှုများနှင့်စပ်လျဉ်း၍လည်းကောင်း တာဝန်ရှိသူအသီးသီးမှ ဒေသခံတောင်သူများအား ရှင်းလင်းဆွေးနွေးပေးခဲ့ရာ လိုအပ်သည်များအား ဒုတိယဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေး ပေးခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။