စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ကျိုင်းတုံ စိုက်ပျိုးရေးသုတေသနခြံ၏ သီးနှံမျိုးများ အလိုက် စမ်းသပ်စိုက်ပျိုးထားရှိမှုများ၊ သုတေ သန စိုက်ကွင်းများအား ကြည့်ရှုစစ်ဆေးခြင်း

kmhniy
dreghuy
Capture
vgbugbhju
kmhniy dreghuy Capture vgbugbhju

ရှမ်းပြည်နယ်၏စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပိုမိုဖွံ့ဖြိုးရေးနှင့် လယ်ယာကဏ္ဍကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန်အတွက် လိုအပ်ချက်များပံ့ပိုးဆောင်ရွက်ပေးရန် ကျိုင်းတုံမြို့တွင်ရောက်ရှိနေသည့် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်‌ေမြာင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မေလ ၁၂ရက်နေ့လည်ပိုင်းက ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံ၏ သီးနှံမျိုးများအလိုက် စမ်းသပ်စိုက်ပျိုးထားရှိမှုများ၊ သုတေသနစိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည် ။

ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံအား ကြည့်ရှူစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသရေမြေရာသီဥတု၊သဘာဝအရင်းအမြစ်များထိန်း သိမ်း နိုင်မည့်စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ဆောင်ရွက်ရန် ၊သုတေသနရလဒ်များကိုအခြေခံကာတောင်သူအကျိုးအမြတ် အများဆုံးရနိုင်သောသီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုး ရေးဦးစီးဌာနနှင့်ပူးပေါင်းပြီးတောင်သူပညာပေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ပြီး သုတေသနခြံအတွင်း တစ်နှစ်သုံးသီးစမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက်စိုက်ကွင်းအတွင်းရှိချောင်းအားပိတ်ပြီးတနှစ်ပတ်လုံးရေသိုလှောင်ကာ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင် ရွက်နိုင်ရန်စီမံပေးခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံအတွင်း ဒေသနှင့်ကိုက်ညီသော ပြည်တွင်း၊ပြည်ပသစ်သီးမျိုးများအား စမ်းသပ်စိုက်ပျိုးလေ့လာနေမှုများ၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပေးနိုင်ရေးနှင့် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်များစေမည့် ကိုင်းကူးနည်းနှင့် ကိုင်းကူးကိုင်ဆက်ပျိုးပင်များထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။