စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ တာယောစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိ သည့် သုတေသနများအား ကွင်းဆင်းစစ်ဆေးခြင်း
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေး၊ မြေစာရင်း နှင့် ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များသည် (၁. ၉.၂၀၂၃) နေ့လည်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ တာယောစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျှက်ရှိသည့် သုတေသနစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ရာ တာဝန်ခံ ဦးလှဦးမှ ဆောင်ရွက်လျက်ရှိသည့် ထုတ်ဝေပြီး အရည် အသွေးကောင်းစပါးမျိုးများအားသုတေသနပြုထားရှိမှုများအားလည်းကောင်း၊ ရေအနည်း လိုစပါးမျိုးများ သုတေသနပြုထားရှိမှုများအားလည်းကောင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားရှိမှုအားလည်းကောင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအားလမ်းညွှန် မှုများပေးခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။