စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေသသုတေသန ဗဟိုဌာန၊ အောင်ပန်းသို့ ကြည့်ရှုစစ်ဆေးခြင်း
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေး၊ မြေစာရင်း နှင့် ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များသည် ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်းသို့ (၃၁.၈.၂၀၂၃) နေ့၊ ညနေပိုင်း ၆:၀၀ နာရီခန့်တွင် ရောက်ရှိပြီး မျိုးအာလူးထုတ်လုပ်ရေးစီမံချက်အရ ဆောင်ရွက် ထားရှိသော G0 အဆင့်မျိုးအာလူးများအား Aeroponic (အဟာရရည်မွှားဖျန်း)စနစ်ဖြင့် ထုတ်လုပ်နေမှု အခြေအနေများ၊ G1 အဆင့်မျိုးအာလူးများအား Nursery House (ပျိုးရုံတွင်း) Substrate Culture System ဖြင့်ထုတ်လုပ်နေမှု အခြေအနေများအား တာဝန်ခံ ဒေါက်တာဝင်းဝင်းနွယ်မှ ရှင်းလင်းပြသခဲ့ပြီး ပြသထားသော ပဲပုပ်၊ ယာစပါး၊ ဂျုံ၊ ဆီမုန်ညှင်း၊ ဆီမုန်လာ၊ ပန်းနှမ်း မျိုးစေ့များအားလည်းကောင်း၊ အပင်တစ်သျှူးနည်းဖြင့် မျိုးအာလူးထုတ်လုပ်နေပုံ အဆင့်ဆင့်အားလည်းကောင်း သက်ဆိုင်ရာတာဝန်ခံများမှ ရှင်းလင်းပြောကြားခဲ့ပြီး ဓါတ်ခွဲခန်းအတွင်း အာလူးတစ်သျှူး မွေးမြူထားရှိသည့် နေရာများ၊ လုပ်ငန်း လုပ်ဆောင်မှု အဆင့်အလိုက် ကြည့်ရှုစစ်ဆေးခဲ့ပြီး သိလိုသည်များအား မေးမြန်းဆွေးနွေး၍ ဝန်ထမ်းများအား လမ်းညွှန်အားပေးစကားများပြောကြားပြီး ည ၇နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။