စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ဓာတ်ခွဲခန်းများအား ကြည့်ရှုစစ်ဆေးခြင်း

3
6
1
2
5
4
3 6 1 2 5 4

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် သည်၂၀၂၃ခုနှစ်ဩဂုတ်လ (၂၉)ရက် က ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ ဓာတ်ခွဲခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်ခဲ့ရာဒုတိယဝန်ကြီးက မင်္ဂလာဒုံမြို့နယ် ရှိ အပင်ဇီဝနည်းပညာဗဟိုဌာန ခွဲ၏ အပင်တစ်ရှူးမွေးမြူခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ဓာတ်ခွဲခန်း ဝန်ထမ်းများအား တွေ့ဆုံပြီး သီးနှံမျိုးများနှင့် မျိုးထိန်းသိမ်းခြင်း ဆိုင်ရာသုတေသနများ ဆောင်ရွက်ရန် လိုအပ်သည်များအားဆွေးနွေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်(ကြို့ကုန်း) စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်း လုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာ စံချိန်၊စံညွှန်းမီ ဓာတ်ခွဲခန်းအဆင့် တည်ဆောက်နိုင်ရေးအတွက် ခေတ်မီဓာတ်ခွဲခန်းသုံးကိရိယာများ တိုးချဲ့တပ်ဆင်နိုင်ရေး၊ ခေတ် စနစ်နှင့်အညီ ဖွဲ့စည်းပုံနှင့်စုဖွဲ့မှုများကို ပြင်ဆင်မှုလုပ်ငန်းများ ပိုမိုပြီပြင်စွာဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များကို တာဝန်ရှိသူများထံ ဆွေးနွေး မှာကြားခဲ့ပါသည်။

ဆက်လက်၍ မြေအသုံးချဌာနခွဲ ၊ဓာတ်ခွဲခန်း(ရန်ကုန်)၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးမှ ဓာတ်ခွဲခန်းများကို အဆင့်မြှင့် တင်ရန်နှင့် ကျွမ်းကျင်ဝန်ထမ်းများလက်ဆင့်ကမ်း မွေးထုတ်ပေးသွားရန် လိုအပ်သည်များ အားဆွေးနွေးမှာကြားခဲ့ပါသည်။