စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် ဝေါ မြို့နယ် နှင့် သနပ်ပင်မြို့ နယ်ရှိ ဒေသခံ တောင်သူများနှင့်တွေ့ဆုံခြင်း
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် သည် ပဲခူးတိုင်းဒေသကြီးရှိ ဒေသခံတောင်သူများနှင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ(၂၅)ရက် နေ့ က တွေ့ဆုံခဲ့ပါသည်။
ဒုတိယဝန်ကြီးမှ ဝေါမြို့နယ် ကျိုက်လတ်ကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံစဉ် ဒေသရာသီဥတုနှင့် ကိုက်ညီသော တောင်သူ့စိတ်ကြိုက်သီးနှံ စိုက်ပျိုးခြင်း ၊တစ်နှစ်သုံးသီး စိုက်ပျိုး ရန်လိုအပ်ချက်များအားတာဝန်ရှိသူများက ထိန်းသိမ်းပေးရန်ဆွေးနွေးပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် သနပ်ပင်မြို့ ငွေဗျိုင်းဖြူကုမ္ပဏီတွင်ကျင်းပသည့် တောင်သူများကိုယ်တိုင်ပါဝင်၍ သီးနှံမျိုးစေ့ထုတ်ခြင်း နည်းပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်ပြီး သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် ရေကိုအကျိုးရှိစွာ အသုံးချနိုင် ရေးဆွေးနွေးခဲ့ပါသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှတာဝန်ရှိသူများမှ မိဘမျိုးစေ့ပွားများခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဉီးမှ စပါးတွင် ကျရောက်သည့် စပါးဘီလူးနှင့် စပ်လျဉ်း၍လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးမှ ( ၂၀၁၂)ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဉပဒေ၊ (၂၀၂၀)ပြည့်နှစ် လယ်ယာမြေ ဉပဒေကိုပြင်ဆင်သည့် ဉပဒေပါ အခြေခံသိသင့် သိထိုက်သည့် ဥပဒေ၊နည်းဥပဒေပါ အကြောင်းအရာများအားလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းရေးအတွက် လက်ရှိဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ လည်းကောင်း ဒေသခံတောင်သူများအား ရှင်းလင်း ဆွေးနွေးပေးခဲ့ရာ လိုအပ်သည်များအား ဒုတိယဝန် ကြီးမှ ဖြည့်စွက် ဆွေးနွေး ပေးခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။