စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး မှ စိုက်ပျိုးရေး သုတေသန ဦးစီးဌာသို့ သုတေသနပြုဆောင်ရွက်ထားရှိမှု များအား လာရောက်ကြည့်ရှုစစ်ဆေးခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း) ရှိမျိုးစေ့ဘဏ်၊ စိုက်ပျိုးရေးအဏုဇီဝနှင့် ဇီဝ နည်း ပညာ သုတေသန ဌာနစုများ၌ ဆောင်ရွက်ထားရှိသည့်သုတေသနများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယဝန်ကြီး မှ ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့က လာရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်ဧည့်သည်တော်များသည် မျိုးစေ့ဘဏ်သို့ရောက်ရှိ်လေ့လာခဲ့ရာ မျိုးစေ့ ဘဏ် ခန်းမတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင် ကြည်ဝင်း မှ စိုက်ပျိုးရေး သုတေသနဦးစီးဌာန တွင် သုတေသနပြုဆောင်ရွက်ထားရှိမှု အခြေ အနေများ အားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် အတွင်း ဆောင်ရွက်ခဲ့သော သီးနှံသုတေသနတွေ့ရှိချက်များ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင် ရွက်မည့် သုတေသနလုပ်ငန်းများနှင့် နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင် ရွက်ထားရှိမှု အခြေ အနေများ အားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မျိုးစေ့ဘဏ်အတွင်း ခင်းကျင်း ပြသထားသည့် နိုင်ငံ အဝှမ်းမှ တိုင်းနှင့်ပြည်နယ် အသီးသီး အလိုက် စုဆောင်း ထိမ်းသိမ်း ထားသည့် စပါးမျိုးများ ခင်းကျင်း ပြသထားမှုများ အားလည်းကောင်း၊ မျိုးစေ့ ဘဏ် တွင်း သီးနှံ မျိုးစေ့များအား အအေးခန်းတွင် ထိမ်းသိမ်း ထားရှိမှု အခြေအနေများ အား လည်း ကောင်း၊ စိုက်ပျိုးရေးသုတေသ ဦးစီးဌာနရှိ သီးနှံနှင့်နည်းပညာ နဌာနစု အသီးသီးတွင် ဆောင် ရွက် လျက် ရှိသည့် သုတေသနများအား ပြသထားသည့် ပြကွက်များနှင့် ထုတ်ဝေပြီးမျိုးနှင့် နည်း ပညာ များ ပြခန်း တွင် ပြသထားမှုများ အားလည်း ကောင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ဆက်လက်၍ စိုက်ပျိုးရေးအဏုဇီဝ သုတေသနဌာနစု တွင် သုတေသန ဆောင်ရွက် ထားရှိမှု အခြေ အနေ များအားလည်းကောင်း၊ ဇီဝနည်းပညာ သုတေသန ဌာနစုတွင် သုတေ သနပြု ဆောင်ရွက် ထားရှိမှု အခြေအနေ များအား လည်းကောင်း လိုက်လံကြည့် ရှု စစ်ဆေးခဲ့ပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန