စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူ ရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပခြင်း
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေး သုတေသန ဦးစီး ဌာန တို့ ၏ (၇၆)နှစ် မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အား ကစားပြိုင်ပွဲ ကို စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဘောလုံးကွင်းတွင် ၂၀၂၄ ဇန်နဝါ ရီလ(၄)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နှင့် မွေးမြူရေးသုတေသန ဦးစီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန် ရှိသူများ၊ အားကစား ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူ ရေး သုတေသနဦးစီးဌာနတို့ မှ ဝန်ထမ်း မိသားစုဝင်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းမှ ယနေ့သည် မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ( ၇၆) နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်းလွတ်လပ်ရေးနေ့တိုင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် မိသားစုများ၏ ကလေးများအားပျော်ပွဲ၊ ရွှင်ပွဲ၊အားကစားပွဲများ ကျင်းပပေးသည့် အစဉ်အလာရှိသည်နှင့် အညီ ယခုနှစ်တွင်လည်း ကျင်းပ ပေးခြင်း ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံသားအားလုံးတန်ဖိုးထားကြသည့် လွတ်လပ် ရေးနေ့ အထိမ်း အမှတ်အဖြစ် ကျင်းပကြသည့် အားကစားပြိုင်ပွဲများတွင် တက်တက်ကြွကြွ ပါဝင်ပေးကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊
ထို့သို့ မိမိတို့ ၏ဝန်း ကျင် အသိုင်း အဝန်းများ၏ လှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်ခြင်း သည်လည်း ဝန်ထမ်းများ တစ်ဦးတစ်ယောက်ချင်းဆီ၏ ပုဂ္ဂိုလ်ရေးဖွံ့ဖြိုးတိုးတက် ရေးကို အထောက် အကူပြုသလို ဌာနအသိုင်းအဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက် အကူပြု ပါကြောင်း၊
အားကစားမှသည် လူမှုစည်းလုံးညီညွတ်မှု၊ အချင်းချင်းထိ တွေ့ဆက်ဆံမှု မှအပြုသဘော ဆောင်သည့် ပူးပေါင်း လုပ်ဆောင်မှုများအား ဦးတည်နိုင်ပါ ကြောင်း နှင့် အပျက် သဘော ဆောင်သည့် အတွေးများအားလျော့ချပေးနိုင်ပါကြောင်း၊ အား ကစား တွင် အားကစား စိတ်ဓာတ်ဖြင့် တက်ကြွစွာ ပါဝင်သော အသိုက်အဝန်းသည် အလုံးစုံ ကျန်းမာရေးကို ပိုမိုကောင်း မွန် စေမည် ဖြစ်ကာ ကျန်းမာသော လူနေမှု ပုံစံကို မြှင့်တင် ပေးနိုင် မည်ဖြစ် ပါကြောင်း၊
စိတ်အား ထက်သန်မှု၊ စည်းကမ်းရှိမှုနှင့် ဇွဲလုံ့လရှိမှု တို့အားလည်း ပိုင်ဆိုင် လာမည် ဖြစ်ပါကြောင်း၊အဖွဲ့လိုက်လုပ်ဆောင်တတ်မှု၊ ပေါင်းသင်း ဆက်ဆံရေး အရည် အချင်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်များ ရရှိလာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည် ဉာဏ်သွေး ကိုမြှင့်တင် ရန် အခွင့် အလမ်းကောင်းများကို လည်း ရရှိနိုင်မည်ဖြစ် ပါကြောင်း၊ သို့ပါသောကြောင့် မိမိတို့ ဝန်ထမ်းများအနေဖြင့်တက်ကြွစွာ ပူးပေါင်းပါဝင်ပေးသည့် အတွက်များစွာ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြား ပေးခဲ့ ပါသည်။
ဆက်လက်၍မွေးမြူရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းနိုင်ထွန်းမှ အမှာ စကားပြောကြားရာ အားကစားဆိုသည်မှာ ကိုယ်ကာယ နှင့် ဉာဏ် ပညာ တွဲဖက်ယှဉ်ပြိုင်ကစားရခြင်းဖြစ်ပါကြောင်း၊
အားကစားဆိုရာတွင် ကိုယ်ကာယ လှုပ်ရှား မှုအပြင် အဖွဲ့လိုက်လုပ်ဆောင်တတ်မှု၊တွေးခေါ်တတ်ခြင်း၊ရိုးသားမှု၊ ကျင့် ဝတ် လိုက်နာတတ်မှု၊ စည်း ကမ်း လိုက်နာတတ်မှုနှင့် ပြိုင်ဘက်များအပေါ်လေးစားတတ်မှု၊ လူတစ်ဦးချင်းစီအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့်စွမ်းရည် အမျိုး မျိုးကို ဖွံ့ဖြိုး တိုးတက်စေမှု ၊အသိုင်း အဝိုင်းများကို စုစည်းစေပြီး ပါဝင်သူများနှင့် ထောက်ခံ သူများ အကြားတွင် ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မှုများ ရှိပါကြောင်းနှင့် ယနေ့ပွဲတွင် ပါဝင်သောဝန်ထမ်းမိသားစုများအနေဖြင့် ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြပါရန် ပြောကြား ပေးခဲ့ပါသည်။
ဆက်လက်၍ မူကြိုကလေးငယ်များ အတွက် မုန့်စားပြိုင်ပွဲ၊ ဝန်ထမ်း မိသားစုများ အတွက် ပိုက်ကျော်ခြင်း ၊အလျားခုန်၊ အမြင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ အားလူး ကောက်၊မုန့်စား၊လွန်ဆွဲ၊ ခေါင်းအုံးရိုက်၊ သံပုံးရိုက်၊ စကောရွက်၊ သုံးချောင်း ထောက်၊ ဂုံနီအိတ်စွပ်၊ အပ်ထိုး၊ ချောတိုင်တက် စသည့် အားကစား နည်း(၁၈)မျိုးတို့၌ ဝန်ထမ်း မိသားစုများမှ တက်ကြွ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ပါကြောင်း နှင့် ဆုရရှိ သူများ အား စိုက်ပျိုး ရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေး သုတေသန ဦးစီးဌာနတို့မှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ မှ အမှတ်တရဆုများ ပေးအပ်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။