စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့်အဖွဲ့စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ဩဂဲနစ်သုတေသန ဗဟိုဌာနသို့လာရောက်ကွင်းဆင်းစစ်ဆေး

DSC00499
DSC00440
DSC00450
DSC00439
DSC00449
DSC00451
DSC00446
DSC00452
DSC00442
New Microsoft Word Document
DSC00497
DSC00465
DSC00441
DSC00456
DSC00458
DSC00463
DSC00443
DSC00444
DSC00455
DSC00454
DSC00499 DSC00440 DSC00450 DSC00439 DSC00449 DSC00451 DSC00446 DSC00452 DSC00442 New Microsoft Word Document DSC00497 DSC00465 DSC00441 DSC00456 DSC00458 DSC00463 DSC00443 DSC00444 DSC00455 DSC00454

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် ဦးဆောင်သည့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဩဂဲနစ်သုတေသန ဗဟိုဌာနတွင် လုပ်ငန်းများ စတင် အကောင်အထည်ဖော်ဆောင် ရွက်နေမှု အခြေအနေများ အား၂၀၂၃ ခုနှစ် ဖေဖော် ဝါရီလ(၅)ရက် က လာရောက်ကွင်းဆင်း ကြည့်ရှု ခဲ့ကြပါသည်။

ထိုသို့ ရောက်ကွင်းဆင်းကြည့်ရှုခဲ့ ရာ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ ယခင်က

ဉယျာဉ် ခြံသီးနှံသုတေသနဌာနခွဲလက်အောက်ရှိ အော်ဂဲနစ် စိုက်ကွင်း အား မိမိဘူတန်နိုင်ငံရှိ ဩဂဲနစ်သုတေသန ဗဟိုဌာန များသို့ သွားရောက် လေ့လာ ပြီး ချိန် တွင် အဆင့်မြင့်အော်ဂဲနစ် သုတေသနစိုက်ကွင်းအဖြစ်ပုံဖော်၍ ဩဂဲနစ် သုတေသန ဗဟိုဌာနအဖြစ် အဆင့်မြှင့်တင် ကာ တွန်းအားပေး ဆောင် ရွက်ဖြစ်ခဲ့ပါကြောင်း၊ လက်ရှိ ဩဂဲနစ်သုတေသန များတွင် သီးနှံမျိုးစုံ နှင့်ဟင်းသီးဟင်းရွက်များကို ထည့်သွင်းကာ သုတေသနများ ကိုဆောင် ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြင်ဆင်ထားရှိမှု များ၊ ချိတ်ဆက်ဆောင်ရွက်နေသည့် အခြေအနေ များအားလည်းကောင်း ၊ ဩဂဲနစ်ထုတ်ကုန်များ ထုတ်လုပ်ရန် စီစဉ်ထားရှိမှုများ အားရှင်းလင်း တင်ပြပေးခဲ့ပါသည်။ ထို့နောက် တာဝန် ရှိသူတစ်ဦးမှ ဩဂဲနစ် သုတေသန ဗဟိုဌာနတွင် ဆောင်ရွက် ထားရှိမှုများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မှ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး အသွင်သစ် ပြောင်းလဲရေးတွင် အရေးပါသည့် အောင်မြင်သော ဩဂဲနစ် သုတေသန ဗဟိုဌာန တစ်ခုဖြစ်လာစေ ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက် ရာတွင် ထည့်သွင်းစည်းစားရမည့် အချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အကောင် အထည် ဖော်ဆောင်ရွက်ရာတွင် စနစ် တကျ အပိုင်းလိုက် ပူးပေါင်းဆောင်ရွက်ရမည် တို့နှင့်စပ်လျဉ်း ၍လည်းကောင်း လမ်းညွှန်မှု များပေးခဲ့ပါသည်။ ဆက်လက်၍ ဒုဝန်ကြီးဦးဆောင်သည့် အဖွဲ့သည် ခင်းကျင်း ပြသ ထားသည့် ပြခန်းများနှင့် စိုက်ခင်းများ အားလိုက်လံကြည့်ရှုခဲ့ပြီး သုတေသန ကဏ္ဍဖွံ့ဖြိုးရေး အဓိက ဆောင်ရွက်ရမည့် လူသား အရင်းမြစ် ဖွံ့ဖြိုးရေး အတွက် ကဏ္ဍအလိုက် ဆောင်ရွက်သင့်သည်များ၊ ဌာနအနေဖြင့် ပျိုး ထောင် ပေးထားသည့် အရင်းအမြစ်များ အနေဖြင့် လည်း အဟာရပြည့်ဝ၍ အစားအစာ ဘေးကင်းလုံ ခြုံရေးအ တွက် ပိုမို အလေးထား ဆောင်ရွက် သွားရန် မှာကြား ခဲ့ပါသည်။