စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးအဏုဇီဝသုတေသနဌာနစုသို့ လူငယ်သုတေသီများသွားရောက်လေ့လာခြင်း

DSC04746
DSC04750
DSC04767
DSC04749
DSC04748
DSC04760
DSC04811
DSC04769
DSC04812
DSC04731
DSC04735
DSC04746 DSC04750 DSC04767 DSC04749 DSC04748 DSC04760 DSC04811 DSC04769 DSC04812 DSC04731 DSC04735

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ လူငယ်စိုက်ပျိုးရေးသုတေသီများအသင်းမှ ဆောင်ရွက်နေသော Plants’ Doctor Program ၏ ကွင်းလက်တွေ့လေ့လာရေးအစီအစဉ်အရ လူငယ်သုတေသီများသည် ၁.၁၁.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေးအဏုဇီဝသိပ္ပံသုတေသနဌာနစုသို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူမှ ဌာနစု၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်လျက်ရှိသော အကျိုးပြုအဏုဇီဝသုတေသနလုပ်ငန်းများ၊ ထရိုင်ဂိုဒါးမားမှို ထုတ်လုပ်ခြင်း၊ ပဲမြစ်ဖုဇီဝမြေဩဇာထုတ်လုပ်ခြင်းနှင့် ထရိုင်ဂိုဒါးမားမှိုအသုံးပြု၍ အဏုဇီဝမြေဆွေးပုံပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ရှင်းလင်းပြသပါသည်။ တောင်သူများအတွက်သွင်းအားစုအနည်းငယ်ဖြင့် အထွက်နှုန်း ကောင်းစေရန် ဌာနမှအကျိုးပြုဆောင်ရွက်ပေးနေသည့် ပဲမြစ်ဖုဇီဝမြေဩဇာနှင့် ထရိုင်ဂိုဒါးမားမှို ထုတ်လုပ်ပုံ၊ အသုံးပြုပုံ၊ အကျိုးပြုပုံတို့ကို ရှင်းလင်းပြသခဲ့ပြီး လူငယ်သုတေသီများမှ သိလိုသည်များကို မေးမြန်းဆွေးနွေး လေ့လာခဲ့ပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။