စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်မှ သုတေသန ကဏ္ဍအား ပိုမို အဆင့် မြှင့်တင်နိုင်ရေး သုတေသီများနှင့်တွေ့ဆုံခြင်း

untitled-4
New Microsoft Word Document
untitled-6
untitled-18
untitled-17
untitled-4 New Microsoft Word Document untitled-6 untitled-18 untitled-17

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရေဆင်း ရှိ နဝရတ်ခမ်းမတွင် သုတေသန ကဏ္ဍအား ပိုမို အဆင့် မြှင့်တင်နိုင်ရေး သုတေသီများနှင့်တွေ့ဆုံပွဲတစ်ရပ်ကို ၂၀၂၃ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာ ကွယ်ရေး သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သက် သက်ဦး၊သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ အောက် ရှိ အပင်ရောဂါဌာနစုနှင့်ပိုးမွှား သုတေသနဌာနစု တို့မှသုတေသီပညာရှင်များတက်ရောက်ခဲ့ကြပါသည်။

စိုက်ပျိုးရေး သုတေသနဦးစီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက် တာနိုင်ကြည်ဝင်းမှ သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ အောက်ရှိ အပင်ရောဂါဌာနစုနှင့်ပိုးမွှား သု တေသနဌာနစု တို့မှသုတေသီပညာရှင်များ နှင့်တွေ့ဆုံ၍ အပင်ရောဂါသုတေသနများနှင့် ပိုးမွှား သုတေသနများ ပိုမိုတိုးတက်လာစေရန် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးဆွေးနွေးရာယခုအချိန်တွင် ရာသီဉတုပြောင်းလဲလာခြင်းကြောင့် သီးနှံပြသနာများရင်ဆိုင်ကြုံတွေ့လာရ လျက် ရှိပါကြောင်း၊ သီးနှံပင်များတွင်ကျရောက်သည့် ရောဂါပိုးမွှားများ၏ပြုမူနေထိုင်ပုံများသည်လည်းပြောင်းလဲလာပါကြောင်း ၊ သိုပါသောကြောင့် အဆိုပါရောဂါ၊ ပိုးမွှားများအားကာကွယ်ရန်အတွက် အမျိုးမျိုးသော နည်းလမ်းများရှာဖွေကြရမည်ဖြစ်ပါကြောင်း၊ ကြိုတင်ကာကွယ်သည့်နည်းလမ်းများကိုလေ့လာရမည်ဖြစ်သလို ပိုးသတ်ဆေးများ၏သုံးစွဲမှုနှုန်းထားမှန်ကန်ထိရောက်မှုများ အားလည်းလေ့လာကြရမည်ဖြစ်ကာအစား အစာဘေးကင်းလုံခြုံရေးအတွက် သီးနှံဓာတ်ကြွင်းများနှင့်ပတ်သက်၍လည်းလေ့လာသွားကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် သီးနှံများသိုလှောင်စဉ် ကျရောက်တတ် သည့်ရောဂါပိုး မွှားများနှင့် ဆက်စပ်၍ လည်းလေ့လာ သွားကြ ရမည်ဖြစ်ပါကြောင်း၊နည်းပညာသုတေသနလုပ်ငန်းများကိုပိုမိုတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကိုလည်း ထောက်ပံ့ပေးသွား မည်ဖြစ်ပါကြောင်း၊ သုတေသီများ အနေဖြင့် သုတေသနများ ပိုမိုတိုးတက်ကောင်မွန်စွာ ဆောင်ရွက်နိုင်ရေး ခေါ်ယူဆွေး နွေးပေးခြင်း ဖြစ်ပါကြောင်း၊

လက်ရှိတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ ဓာတ်ခွဲခန်းများအား အဆင်မြှင့်တင်ပေးလျက်ရှိရာ အပင်ရော ဂါသုတေသ န နှင့် ပိုးမွှား သုတေသန ဓာတ်ခွဲခန်းများ အားလည်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း နှင့်လိုအပ်သည့် စက်ပစ္စည်းများ၊ အခြားသောလိုအပ်ချက်များ လည်းဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

သုတေသီပညာရှင်များမှလည်း ယခုလက်ရှိဆောင်ရွက်နေသည့်သုတေသနများ၊ ရှေ့ဆက်ဆောင်ရွက်မည့် သုတေသနများအားတင်ပြကြပြီး လိုအပ်သည်များအား လည်းတင်ပြခဲ့ကြပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။