စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်နေမှု အစီအစဉ် တစ်ခုဖြစ်သည့် ရက် (၉၀) စပါးစံကွက်ရိတ်သိမ်းခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်နေမှု အစီအစဉ် တစ်ခုဖြစ်သည့် ရက်(၉၀)စပါး စံကွက် ရိတ်သိမ်းပွဲ အခမ်းအနား ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါး သီးနှံသုတေသန ဌာနခွဲ၊ စပါး သုတေသန ဗဟိုဌာနတွင် ၂၀၂၄ ခုနှစ်၊ မေလ(၂၉)ရက်ကကျင်းပခဲ့သည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ ယခုစပါးစံပြကွက် ရိတ်သိမ်းပွဲသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း ဆောင်ရွက်နေမှု ဖြစ်သည့် ပြည်ပဈေးကွက်များတွင် ဈေကွက်ခိုင်မာမှုရရှိ၍ မျိုးအမည်၊ Brand နှင့်တင်ပို့ နေသော ကရင်မထိပ်ဆောင်း ၊ ထွန်းပု၊ ငစိန်ရာကျော်၊ ရက်(၉၀) စသည့်မျိုးလေးမျိုးအား မျိုးသန့်မျိုးစေ့များ အဆင်ဆင့် ပွားများနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြင့် ရရှိလာသည့် ရက်(၉၀) စပါးမျိုးအား မျိုးသန့် မျိုးစေ့များ အဆင့်ဆင့် ပွားများခြင်းမှ ရရှိလာခြင်းဖြစ်ပါကြောင်း၊ Export ပို့နေသည့် Brand နှင့် သွားနေသောမျိုးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မျိုးသန့်ပွားများကာ Export Zone ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါ ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ စပါးစံကွက်ရိတ်သိမ်းခြင်းအား ဆောင်ရွက်ကြရာ ရက်(၉၀) စပါးမျိုးမှာ စံပြကွက် အထွက် တင်း(၁၄၀)ထွက်ရှိပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။