စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ ပညာရည်ချွန်ဆု ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ခြင်း

4
1
5
3
4 1 5 3

စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဝန်ထမ်း သားငယ်/ သမီးငယ်များ၏ ၂၀၂၄ ခုနှစ်၊ ပညာရည်ချွန်ဆု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် လ (၈) ရက်နေ့ မွန်းလွဲပိုင်း (၂:၃၀) အချိန်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌ ပြုလုပ်ခဲ့ ပါသည်။

ဆုပေးပွဲ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ ဆုရ ကျောင်းသား/ သူများနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားဖွင့်ပွဲကို ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ဆုရကျောင်းသား/ သူများဖြစ်သည့် မောင်မြင့်ကျော်ခိုင်(၅ ဘာသာဂုဏ်ထူးရှင်)၊ မောင်သက်ပိုင်ဦး (၁ ဘာသာဂုဏ်ထူးရှင်) နှင့် မရူပါလွန်း (၁ ဘာသာဂုဏ်ထူးရှင်) တို့ကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ရာ ဆုရကျောင်းသား/ သူများကိုယ်စား ၅ ဘာသာဂုဏ်ထူးရှင် မောင်မြင့်ကျော်ခိုင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည့် ပုံရိပ်များကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါ သည်။