စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန(DAR) နှင့် ယူနန် စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ (YAAS) တို့ အကြား နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခြင်း

4
1
3
5
2
4 1 3 5 2

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာန စိုက်ပျိုးရေး သုတေသန ဦးစီး ဌာန(DAR) နှင့် ယူနန် စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ (Yunnan Academy of Agricultural Sciences (YAAS)) တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း(MOU) အခမ်း အနားကို ဇန်နဝါရီ(၁၇)ရက် နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာန ရေဆင်းရှိ(နဝရတ်)ခမ်းမတွင် on line ဖြင့် ကျင်းပ ခဲ့ပါသည်။

ဤနားလည်မှုစာချွန်လွှာသည် စားနပ်ရိက္ခာဘေးကင်းရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲ သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းသစ်များ ဖော်ဆောင်ရန် ရည်ရွယ်ပြီး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား သုတေသနနှင့် နည်းပညာဖလှယ်ရေး မြှင့်တင် ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိရန် ရည်ရွယ်ပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနား သို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း ၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ ယူနန် စိုက်ပျိုးရေးသိပ္ပံ အကယ် ဒမီ မှ President Dr. Jihua Wang ၊ Vice President Dr. Xiaolin Liနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန(DAR)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နှင့် ယူနန် စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ (Yunnan Academy of Agricultural Sciences (YAAS)) ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်း ဆောင် ရွက်သည့် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက် ပေးလာကြသည့် တာဝန်ရှိသူများအား ဦးစွာနှုတ်ခွန်းဆက် စကားပြောကြား ခဲ့ပြီးတရုတ်နှင့် မြန်မာ နိုင်ငံ ကိုယ်စားပြုအဖြစ် စိုက်ပျိုးရေး သုတေသနဦးစီးဌာန (DAR ) နှင့် ယူနန် စိုက်ပျိုး ရေးသိပ္ပံ အကယ်ဒမီ (YAAS) တို့သည် အချင်းချင်း နီးကပ်နွေးထွေးသော ဆက်ဆံ ရေးဖြင့် ပူးပေါင်း ဆောင် ရွက်နေတာ ဖြစ်ပါကြောင်း၊

DAR နှင့် YAAS တို့သည် 2017 ခုနှစ်မှစတင်၍ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာ စိုက်ပျိုးရေးသုတေသနနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုး တိုးတက်စေရေး ခရီးရှည် တစ်ခုဖြစ် ခဲ့ပါကြောင်း၊DAR နှင့် YAAS တို့၏ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ရလာဒ်အဖြစ် စပါးသုတေသန ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ဖြင့် YUR-1 စပါးမျိုးကွဲအသစ်ကို ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊

ထို့ပြင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ် အလိုက် စိုက်ပျိုးရေး နယ်ပယ် အတွင်း သုတေသန လုပ်ငန်းများ တိုးတက် ဆောင်ရွက်နိုင်ရေးအတွက် Talent Young Scientist Program (TYSP) အစီအစဉ်အရ စိုက်ပျိုးရေး သုတေ သန ဦးစီးဌာန(DAR) မှ သုတေသီ သုံးဦးသည် တရုတ်နိုင်ငံတွင် Molecular Biotechnology Training (1 နှစ်) တာ တက်ရောက် ခွင့်ရရှိခဲ့ကြပါကြောင်း၊

ဤနားလည်မှုစာချွန်လွှာ၏ ရည်ရွယ်ချက်အရ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန(DAR) နှင့် ယူနန် စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ (YAAS) နှစ်ခုစလုံး သည် စိုက်ပျိုးရေး သုတေသနလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးကို မြှင့်တင်ရန်နှင့် 2024 မှ 2028 ခုနှစ်အထိ 5 နှစ် တာ စီမံကိန်းကာလ နှင့်အတူ နှစ်နိုင်ငံအကြား မိတ်ဖက် ဆက်ဆံရေးကို အားကောင်း လာစေရန်အတွက် သဘောတူညီ ခဲ့ကြသည်။

ထို့နောက် နားလည်မှုစာချွန်လွှာကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် ယူနန် စိုက်ပျိုးရေးသိပ္ပံ အကယ် ဒမီ မှ ဥက္ကဌ Dr. Jihua Wang မှ လက်မှတ်ရေးထိုး ခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။