စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မိသားစုမှ ဝန်ထမ်းများအား နှစ်သစ်ကူးကံစမ်းမဲ လက်ဆောင်မွန် များ ပေးအပ်ခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ နဝရတ်ခန်းမတွင် စိုက်ပျိုးရေး သုတေ သနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်း+ဇနီးဒေါ်ခင်မြမြလွင်(ဒုတိုင်းဦးစီးမှုး)မိသားစုတို့မှ ဝန်ထမ်းမိသားစုများနှင့်အတူ နှစ်ဟောင်း နှုတ်ဆက်၍ နှစ်သစ် ကြိုဆို သည့် နှစ်သစ်ကူး ကံစမ်းမဲ လက်ဆောင်မွန် ပေးအပ်ပွဲ အခမ်းအနား ကို ၂၀၂၃ခုနှစ်ဒီဇင်ဘာလ(၃၁)ရက်တွင်ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် စပါးသီးနှံသုတေသနဌာနခွဲ၊ ယာသီးနှံသုတေသနဌာနခွဲ၊ စက်မှုသီးနှံနှင့် နှစ်ရှည်ပင်သီးနှံ၊ ဉယျာဉ်ခြံသီးနှံသုတေသနဌာနခွဲ၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်း အမြစ်များ ဌာနခွဲ၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာ နှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ၊ စိုက်ပျိုးစီးပွား၊ စိုက်ပျိုး မွေးမြူရေး စနစ်နှင့် နည်းပညာပြန့်ပွားရေး သုတေသနဌာနခွဲ၊ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် အစားအစာသိပ္ပံ သုတေသနဌာနခွဲ၊ စီမံခန့်ခွဲရေး၊ ငွေစာရင်း၊ စီမံကိန်း နှင့်လူ့စွမ်းအား အရင်းအမြစ်ဌာနခွဲ စသည့်ဌာနခွဲ (၉)ခု မှ ဝန်ထမ်းအကြီးဆုံးမှသည် အငယ်ဆုံးထိ ဝန်ထမ်းများတက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ နှစ်သစ်အားကြိုဆိုသည့် အမှတ်တရစကားပြောကြားရာ ယနေ့သည် နှစ်ဟောင်း၏ နောက်ဆုံးနေ့ ဖြစ်ကာ နောက်တစ်ရက် ကူးပြောင်း လျှင်နှစ်သစ်သို့ရောက်ရှိတော့မည်ဖြစ်ပါကြောင်း၊ နှစ်ဟောင်းမှ နှစ်သစ် သို့ ကူးပြောင်းချိန် တွင် ဆက်၍သယ်ဆောင်ရမည့်အရာအဖြစ် မိမိတို့၏ ပြီးမြောက်အောင်မြင်ခဲ့သည့် အရာများ နှစ်သစ်အတွက်စိတ်ခွန်အား အဖြစ်ယူဆောင်သွားရမည် ဖြစ်ပါကြောင်း၊
နှစ်ဟောင်းတွင် အကောင်အထည် မဖော် နိုင်ခဲ့သည့် အရာများ အတွက်လည်း စိတ်ပျက်အားငယ်ခြင်းမရှိပဲ သင်္ခန်းစာယူသင့်သည်များအား လေ့လာသင်ယူကာ နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် ဆက်လက်အကောင်အထည် ဖော်နိုင်သည့် နောက်ထပ် အခွင့် အရေးတစ်ခုကို အမိအရ အသုံးချနိုင်ရေး သယ်ဆောင်သွားရမည်ဖြစ်ပါကြောင်း နှင့်
လူသားတို့ ၏ စားနပ်ရိက္ခာဖူလုံရေး၊ အစား အစာဘေးကင်းလုံခြုံရေးလုပ် ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်ကြရသည့် အဝန်းအဝိုင်းတစ်ခုဖြစ်သည့် မိမိတို့ ၏စိုက်ပျိုး ရေးသုတေသနဦးစီးဌာနကြီး ပိုမိုတိုးတက်အောင်မြင်ရေး ပရဟိတ စိတ်ထားများ ဖြင့် နှစ်သစ်တွင် စုပေါင်းအကောင်အထည်ဖော်သွားနိုင်ရေး တိုက်တွန်း ပြောကြားခဲ့ပါသည်။
ထိုနောက် ဌာနခွဲ(၉)ခုမှ ဌာနခွဲတစ်ခုချင်း စီအလိုက် ပျော်ရွှင်စွာဖြင့် နှစ်သစ်ကူးကံစမ်းမဲ များ အား ကံစမ်းကာ လက်ဆောင်မွန်များ ရယူ ခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။