စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (၉)ကြိမ်မြောက်ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပခြင်း

3
2
5
4
1
6
3 2 5 4 1 6

စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရေဆင်း)ရှိ နဝရတ်ခန်းမ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဝန်ထမ်းများ၏ (၉)ကြိမ်မြောက် ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ (၃၁) ရက်က ကျင်းပခဲ့ပါသည်။

အဆိုပါဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲသို့ စိုက်ပျိုးရေးသုတေသနစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် (နည်းပညာ) ဒေါက်တာမင်းစံသိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သီးနှံ) ဒေါက်တာအောင်မိုးမျိုးတင့်၊ ညွှန်ကြားရေးမှူးများ၊ သီးနှံသုတေသန ၊နည်းပညာသုတေသန၊ သုတေသန အထောက် အကူပြု ဌာန များမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ စီမံခန့်ခွဲရေး၊ ငွေစာရင်း၊ စီမံကိန်း နှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး ဌာနခွဲမှညွှန်ကြားရေးမှူးက ယခင်အပတ်ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)တွင် တင်ပြခဲ့ကြသည့်အပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်လျက်ရှိသည်များအား ဆွေးနွေး တင်ပြခဲ့ပါသည်။

ဆက်လက်၍ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမင်းစံသိန်းမှ တက်ရောက်လာကြသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မိသားစုဝင်များဖြစ်ကြသည့် ဝန်ထမ်းများအား ရေ၊မီး နှင့် လုပ်ငန်းခွင်စသည့် တို့မှအစပြု၍ နေထိုင်ရေး အပါအဝင် မိမိတို့နှင့်ဆိုင်သည့် အခက်အခဲများ၊ အများနှင့် ဆိုင်သည်အခက်အခဲများကို ပွင့်လင်းစွာပြောကြားပေးစေလိုပါကြောင်း၊ မိမိတို့ အနေဖြင့် မှတ်တမ်းတင်ထား၍ လိုအပ်ချက်များ၊ အခက်အခဲများ၏ အခြေအနေများကို ဦးစားပေး အစီအစဉ်များ အလိုက်ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)သို့ တက်ရောက်လာကြသည့် ဌာနခွဲ(၉)ခုမှ ဝန်ထမ်းများက မိမိတို့နှင့် ပတ်သက်သည့်လိုအပ်ချက်များအားလည်းကောင်း၊ အများ နှင့် ဆိုင်သည့် လိုအပ်ချက်များအားလည်းကောင်း၊ အသီးသီးတင်ပြခဲ့ကြပါကြောင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာအောင်မိုးမျိုးတင့်မှ ဝန်ထမ်းများ၏ တင်ပြဆွေးနွေးမှုများ အပေါ် ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ကာ အခမ်းအနားအားရုတ်သိမ်း ခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။