စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ခိုင်ရွှေဝါငွေစုငွေချေးသမအသင်းမှ ဝန်ထမ်းများအား သီတင်းကျွတ် လက်ဆောင်အဖြစ်ဆီများထောက်ပံ့ခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ ဝန်ထမ်းများအား ခိုင်ရွှေဝါငွေစုငွေချေး သမအသင်းမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျရောက်သည့်သီတင်းကျွတ် အခါသမယ လက်ဆောင် အဖြစ် အသင်းဝင်တစ်ဦးချင်းဆီအတွက် ဌာနစု အလိုက် စားသုံးဆီများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ခိုင်ရွှေဝါငွေစုငွေချေးသမအသင်းအနေဖြင့် အသင်းဝင်များအား အခြားသော ထောက်ပံ့မှုများ စဉ်ဆက်ပြုလုပ်ခဲ့ပါသည်။၂၀၂၃နှစ်ခုနှစ်အတွင်း ဆန်၊ဆီများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယခုကျရောက်မည့် သီတင်းကျွတ်အခါသမယအတွက်လည်း မြေပဲဆီများ ထောက်ပံ့ပေးခဲ့ပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။