စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ တာယောစိုက်ပျိုးရေးသုတေသနခြံတွင် ကွင်းသရုပ်ပြပွဲ ကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ တာယောစိုက်ပျိုးရေးသုတေသနခြံတွင် (၁၃.၁၀.၂၀၂၃) နေ့ကတောင်သူများဖိတ်ခေါ်ကာ ပြသသည့် ကွင်းသရုပ်ပြပွဲအားကျင်းပခဲ့ပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ တောင်ကြီးမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစောလွင် ဦးဆောင်သည့်တောင်သူ ၂၅ ဦးတက်ရောက်ပါသည်။
အဆိုပါတောင်သူများကိုယ်တိုင်ပါဝင်မျိုးရွေးချယ်ကြရာ ကိုမိုင်ပါး၊ရေအနည်းလို-၇၊ပြည့်ဝမွှေး စပါးမျိုးများအားတောင်သူများကြိုက်နှစ်သက်ကြပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။