စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဝန်ထမ်းများဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ)ကျင်းပခြင်း

2
5
4
3
၁
6
7
2 5 4 3 ၁ 6 7

စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရေဆင်း)ရှိ နဝရတ်ခန်းမ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ)ကို ၂၀၂၃ခုနှစ် စက်တင်ဘာ(၂၇)ရက်က ကျင်းပ ခဲ့ပါသည်။

အဆိုပါ ဝန်ထမ်းများ ဆန္ဒ ထုတ်ဖော်ပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (နည်းပညာ) ဒေါက်တာ မင်းစံသိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သီးနှံ) ဒေါက်တာအောင်မိုးမျိုးတင့်၊ ညွှန်ကြား ရေးမှူးများ၊ သီးနှံသုတေသန ၊နည်းပညာသုတေသန၊ သုတေသနအထောက်အကူပြု ဌာန များမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ စီမံခန့်ခွဲရေး၊ ငွေစာရင်း၊ စီမံကိန်း နှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး ဌာနခွဲမှညွှန်ကြားရေးမှူးက ယခင်အပတ် ဝန်ထမ်းများဆန္ဒထုတ်ဖော်ပွဲ (ဒါဘာ)တွင် တင်ပြခဲ့ကြသည့်အပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်လျက်ရှိသည်များအား ဆွေးနွေး တင်ပြခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ တက်ရောက်လာကြသည့် စိုက်ပျိုး ရေးသုတေသနဦးစီးဌာန မိသားစုဝင်များဖြစ်ကြသည့် ဝန်ထမ်းများအား စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ ပညာရှင်ဝန်ထမ်းများ အထောက်အကူပြုဝန်ထမ်းများ အနေဖြင့် မိမိတို့ဌာန၏ မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များအကောင်အထည်ဖော်ဆောင်ရေးတွင် တက်တက် ကြွကြွဖြင့် စည်းလုံးညီညွတ်စွာ ဟန်ချက်ညီစွာဖြင့် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ တက်ကြွစွာအချင်းချင်း နားလည်မှုရှိရှိဖြင့်ဖြင့် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများ ရရှိအောင် အကောင်းဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရာတွင်တစ်ဦးနှင့်တစ်ဦး အပြုသဘောဆောင်သည့် ဆက်သွယ်ဆောင်ရွက်ခြင်းမျိုးဖြင့် မလိုလားအပ်သည့် အပျက် သဘောဘက်ဦးတည်သည့် ရှုပ်ထွေးမှုများ၊ နားလည်မှုလွဲစေမည့် အပြုအမူ၊ အပြော အဆိုများကို ဆင်ခြင်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာမိမိတို့ပတ်ဝန်းကျင်သည် အကောင်း မြင်စိတ်တို့ လွှမ်းခြုံထားသည့် အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော ရပ်ဝန်းတစ်ခုဖြစ် လာမည်ဖြစ်ပါကြောင်း၊ သို့မှသာ သုတေသနလုပ်ငန်းများကို ပိုမိုအရှိန်ဟုန်မြှင့် ဆောင်ရွက်နိုင် မည်ဖြစ် ပါကြောင်း၊ ယခုပြုလုပ်သည့် ပွဲတွင် မိမိတို့၏စိတ် ပျော်ရွှင်စွာ သုတေသန လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့စိတ်တွင် မရှင်းလင်းသည်များ၊ ရှုပ်ထွေးနေသည်များ စသည့် မိမိခံစားနေရသည်များအား ထုတ်ဖော်ပြောပေးစေလိုပါ ကြောင်း၊ထို့ပြင် တခါတရံ တစ်ဦးနှင့်တစ်ဦးကြား အထင်မြင်လွဲမှားနေသည်များလည်း ရှိတတ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရေ၊မီး နှင့် လုပ်ငန်းခွင်စသည့် တို့မှအစပြု၍ နေထိုင်ရေးအပါအဝင် မိမိတို့၏အခက်အခဲများကို ပြောကြားပေးစေလိုပါကြောင်း၊ မိမိတို့ အနေဖြင့် မှတ်တမ်းတင်ထား၍ လိုအပ်ချက်များ၊ အခက်အခဲများ၏ အခြေအနေများကို ဦးစားပေး အစီအစဉ်များ အလိုက်ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ယခုအခါ မိမိတို့အနေဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနရုံးချုပ်ရှိ ဝန်ထမ်းအိမ်ရာအသစ်များ၊ နယ်ခြံများရှိ ဝန်ထမ်းအိမ်ယာ အသစ်များဆောက်လုပ်ပေးနိုင်ခဲ့သလို လမ်းချဲ့ထွင်ခြင်း၊ ဓာတ်ခွဲခန်းများ အဆင့်မြှင်တင်ခြင်း၊ မော်တော်ယာဉ်များထပ်မံဖြည့်တင်းပေးနိုင်ခြင်းများလည်း ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအနေဖြင့်လည်း နိုင်ငံတကာ သို့လည်း ကောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့လည်းကောင်း ဘွဲ့လွန်သင်တန်းများစေလွှတ် ပေးလျက်ရှိသလို ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများလည်း စေလွှတ် ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့်လည်း ဝန်ထမ်းစည်းကမ်း၊ ရုံးစည်းကမ်း လိုက်နာသည့် ဝန်ထမ်းကောင်းများဖြစ်စေလိုပါကြောင်း၊ ကိုယ့်တာဝန်ကို အပြည့်အဝယူ တတ်သူများဖြစ်စေလိုပါကြောင်း သုတေသီကသုတေသီတာဝန် ကျေပွန်ရမည်ဖြစ်သလို အထောက်အကူပြု ဝန်ထမ်းများသည်လည်း မိမိတို့လုပ်ဆောင်ရမည့် တာဝန်များကျေပွန် ရမည်ဖြစ်ပါကြောင်း၊မိမိတို့တာဝန်ကိုမိမိကျေပွန်ခြင်းသည် အခြားသူအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေသည့်အတွက် မွန်မြတ်လှသည့် ပရဟိတအလုပ် တစ်မျိုးဖြစ်ပါကြောင်း၊ တာဝန်ကိုယ်စီ ကျေပွန်ကြသည့် အသိုင်းအဝန်းသည် တိုးတက်နှုန်းမြင့်မားလာမည်ဖြစ်ပါကြောင်း ၊ မိမိ တာဝန်မိမိ ကျေပွန်ခြင်းသည် အချင်းချင်း ကူညီရာရောက်ပါကြောင်း နှင့် မိမိတို့စိုက်ပျိုး ရေးသုတေသနဦးစီးဌာနကြီး ဖွံ့ဖြိုးတိုးတက်ရေး အားလုံး ပူးပေါင်းဝိုင်းဝန်းဆောင် ရွက်သွားကြ ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆန္ဒထုတ်ဖော်ပွဲ (ဒါဘာ)သို့ တက်ရောက်လာကြသည့် ဌာနခွဲ(၉)ခုမှ ဝန်ထမ်းများက ၎င်းတို့၏ နေထိုင်သည့်အိမ်များနှင့်ပတ်သက်၍ ပြုပြင်ရန်လိုအပ်သည် များကိုလည်းကောင်း၊ အများနှင့်ဆိုင်သည့် လိုအပ်ချက်များကိုလည်းကောင်း၊ ရေ၊ မီး နှင့် လုပ်ငန်းခွင်လိုအပ်ချက်စသည့် ကြုံတွေ့ရသည့် အခက်အခဲအချို့အား တင်ပြခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။