စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လူငယ်စိုက်ပျိုးရေး သုတေသီအသင်း ဝင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် လူငယ်စိုက်ပျိုးရေးသုတေသီများအသင်း (YARSA) ကို ၂၀၁၇ ခုနှစ် ၊ ဖေဖော်ဝါရီလမှစတင် ဖွဲ့စည်းခဲ့ပြီး အသင်း၏ လုပ်ငန်းစဉ်ချမှတ်၍ ဦးဆောင် ကော်မတီအဖွဲ့ဝင်အဆင့်ဆင့် လက်ဆင့်ကမ်း အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိ ပါသည်။
ရှေ့လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး သုတေသီများအသင်း ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် အသင်းသူအသင်းသားများအား စိုက် ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်ကို ၂၀၂၃ခုနှစ် စက်တင်ဘာ(၁၄)ရက် နေ့လည်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ နဝရတ် ခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခန်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ လူငယ်စိုက်ပျိုးရေး သုတေသီ အသင်းဝင် လူငယ်များအနေဖြင့် လူငယ်များဖြစ်သည့် အလျောက် လှုပ်ရှားမှုများအား တက်တက်ကြွကြွဖြင့် ပိုမိုအားကောင်းလာအောင် ဆောင်ရွက်စေလိုပါကြောင်း၊ လူငယ် သုတေသီ အသင်းဝင်များသည် အသက်အားဖြင့် (၃၅)နှစ်အောက်လူငယ်များဖြစ်ကြကာ အနာဂတ် သုတေသနကဏ္ဍကြီး ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ပိုမိုဆန်းသစ်ပြောင်းလဲလာရေး တို့အတွက် ဦးစီးပဲ့ကိုင် ဆောင်ရွက်ကြရမည့်သူများဖြစ်ပါကြောင်း၊
လူငယ်များ အနေဖြင့် သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့ထက် အသက်ကြီးသူများ နှင့်လက်တွဲကာ ၎င်းတို့၏ အတွေ့အကြုံများ ၊ အတွေးအခေါ် များဆီမှလည်း လေ့လာသင်ယူ သင့်သည်များကို သင်ယူခြင်း၊ မိမိကိုယ်တိုင် အခြားသောအရင်း အမြစ်များမှ လေ့လာခြင်း စသည်ဖြင့် စာတွေ့နှင့်လက်တွေ့ ဟန်ချက်ညီစွာ လေ့လာသင်ယူကာ တွေးတတ်၊ခေါ်တတ်၊ဆုံးဖြတ်တတ်ပြီး သင်ယူလေ့လာမှုအားကောင်းသည့်၊ ဆန်းသစ်တီထွင်နိုင် စွမ်းရှိသည့် ရဲရင့်၊ ထက်မြတ်၊ တွေဝေမှုကင်း သည့် လူငယ်များ ဖြစ်လာစေလို ပါကြောင်း၊
သို့မှသာ သုတေသနနယ်ပယ်တွင်ရှုထောင့်ပေါင်းစုံမှ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိမည့် နိုင်ငံ တော်မှ အားကိုးအားထားပြုရမည့် သုတေသနရလဒ်ကောင်းများ၏ အရှင်သခင် စံနမူနာယူထိုက်သည့် သုတေသီပညာရှင်များ ဖြစ်လာကြမည် ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိစိတ်ကိုမိမိသိရန် အရေးကြီးပါကြောင်း၊ မိမိရည်မှန်းချက်ကို မိမိသိရှိမှသာ မိမိရည်မှန်းချက် အတိုင်း ပန်းတိုင်ရောက် အောင် အခက်အခဲဟူသမျှ ဖြတ်ကျော် နိုင်စွမ်းရှိကာ အောင် မြင်စွာ လျှောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် အများအကျိုးရှေးရှု တတ်သည့်၊ ကိုယ်ချင်းစာတရား ထားရှိ၍ စာနာတတ်သည့် တန်ဖိုးရှိသည့် လူတော် လူ ကောင်းများ ဖြစ် လာစေ လိုပါကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်၍လူငယ်သုတေသီ အသင်းမှ တာဝန်ရှိသူတစ်ဦးမှ အသင်း၏ လှုပ်ရှားဆောင်ရွက် မှုများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုများ ရှေ့ဆက်လက်မည့် အခြေအနေများအား တင်ပြခဲ့ရာ ညွှန်ကြားရေး မှူး ချုပ်မှ ဖြည့်စွက် လမ်းညွှန်မှုများ ပေးခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ လူငယ်သုတေသီ တစ်ဦးချင်းဆီ တစ်နေ့တာ အချိန်အသုံး ချပုံများကို မေးမြန်းပြီး ၊ လူတစ်ဦးချင်း၏ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်းခြင်းက တစ်ဦးနှင့် တစ်ဦးအကြား ကွာခြားမှုများဖြစ်ပေါ်လာနိုင်ကြောင်း ထို့ကြောင့် မိမိတို့ဘဝ တိုးတက်မြင့်မား ရေးအတွက် အချိန်ကို တန်ဖိုးရှိစွာအသုံးပြုကြရန် နှင့် နိုင်ငံတော်အတွက် အားကိုးအား ထားပြုရမည့် သုတေသနပညာရှင်များ၊ဆန်သစ်တီထွင်သိပ္ပံ ပညာရှင်များ ဖြစ်လာစေရန် ရည်မှန်းချက်ထား ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး လူငယ်သုတေသီများအတွက် အင်္ဂလိပ်စာ စွမ်းရေမြှင့်တင် ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း ၊ သုတေသနစွမ်းရည်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ဆောင်ရွက်ပေးမည့် အစီအစဉ် များအား အသင်း ဝင်များနှင့် ဆွေးနွေးကာလမ်းညွှန်မှုများပြုလုပ် ပေးခဲ့ပါကြောင်း သတင်းမှတ် တမ်း အဖြစ်ဖော်ပြအပ်ပါသည်။