စိုက်ပျိုးရေးသုတေသနဦးစီးဌာန လူငယ်စိုက်ပျိုးရေးသုတေသီများအသင်းမှ လူငယ် သုတေသီများအား ဗဟုသုတများ ကြွယ်ဝစေရန်အတွက် သုတေသနစာတမ်းရေးသားပြုစုသော နည်းစနစ်များနှင့် သုတေသနစာတမ်းတင်သွင်းခြင်းနည်းလမ်းများအကြောင်းကိုမျှဝေပေးခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ လူငယ်စိုက်ပျိုးရေးသုတေသီများအသင်းသည် ညွှန်ကြားရေး မှူးချုပ်၏ လမ်းညွှန်မှုဖြင့် လူငယ်သုတေသီများအား ဗဟုသုတများ ကြွယ်ဝစေရန်အတွက် “Knowledge Sharing Program” ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
စပါးဇီဝဥယျာဉ် သုတေသနဌာနစုမှ သုတေသနလက်ထောက်-၂၊ ဒေါက်တာမော်နီစိုးထက်မှ သိပ္ပံနည်းကျ သုတေသနစာတမ်းရေးသားပြုစုသော နည်းစနစ်များနှင့် သုတေသနစာတမ်း တင်သွင်းခြင်းနည်းလမ်းများအကြောင်းကို လူငယ်သုတေသီများအား သုတေသနစာတမ်းများ ရေးရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် သြဂုတ်လ (၃၀) ရက် နေ့လည်ပိုင်းတွင် အသိပညာဗဟုသုတများ မျှဝေပေးခဲ့ပါသည်။
အဆိုပါ လူငယ်စိုက်ပျိုးရေးသုတေသီများအသင်းမှ လူငယ်သုတေသီများအား သိပ္ပံနည်းကျ သုတေသနစာတမ်း ရေးသားပြုစုခြင်း၏ အရေးကြီးပုံနှင့် ဝိသေသများအားလည်းကောင်း၊ သက်ဆိုင်ရာ သုတေသနကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းစနစ်ပိုင်းဆိုင်ရာကို သိရှိရန် နှင့် ကိုယ်တိုင်လေ့ကျင့် လုပ်ဆောင်ရေးသားတတ်ရန်လိုအပ်ခြင်း၊ သုတေသနစာမူမရေးသားမီ အခြေခံသတိပြုလိုက်နာရမည့် အချက်များနှင့် သုတေသနစာမူအား သက်ဆိုင်ရာဂျာနယ်တိုက် သို့ ပုံနှိပ်ထုတ်ဝေနိုင်ရန် တင်သွင်းသည့် လုပ်ငန်းစဉ်များ အားလည်းကောင်း၊ ၎င်းပြည်ပတွင် ပညာသင်ကြားစဉ်ကာလအတွင်း SCI-Indexed ဂျာနယ်တိုက်များသို့ ပုံနှိပ်တင်သွင်းခဲ့သော လုပ်ငန်းစဉ်အဆင့်ဆင့်များနှင့် အတွေ့အကြုံများအားလည်းကောင်း တက်ရောက်လာကြသည့် လူငယ် သုတေသီများအား အသိပညာ ဗဟုသုတများမျှဝေပေးခဲ့ရာ လူငယ် သုတေသီ များမှ စိတ်ပါဝင်စားစွာ သိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါကြောင်း သတင်း မှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။