စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါသီးနှံသုတေသနဌာနခွဲ၊စပါး သုတေသနဗဟိုဌာနသို့ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းမှသင်တန်းသားများ လာရောက်လေ့လာခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါသီးနှံသုတေသနဌာနခွဲ၊စပါး သုတေသနဗဟိုဌာနသို့ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းမှ သင်တန်းသားများသည် ၂၀၂၃ ခုနှစ်ဇူလိုင်လ (၃၀) ရက် နံနက်ပိုင်းတွင် လေ့လာရေး လာရောက်ခဲ့ ကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းလျက် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာ ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းသို့ သင်တန်းသား (၄၂)ဦး တက်ရောက်လျက်ရှိရာ သင်တန်း ၏ဘာသာ ရပ်များနှင့်ဆက်စပ်လျက် သင်တန်းအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လေ့လာရေးလာရောက်ခဲ့ ကြခြင်းဖြစ်သည်။
အဆိုပါလေ့လာရေးအဖွဲ့အား စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာနိုင်ကြည်ဝင်း ဉီးဆောင် သည့် တာဝန်ရှိသူများမှ နွေး ေထွးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)ရေဆင်း ရှိ သုတေသနဌာနများ နှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနအောက်ရှိ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ သုတေသနခြံများ၊ ဒေသသုတေသနဗဟိုဌာနများ၊ သုတေသန စခန်းများတွင် သီးနှံအလိုက် အထူးပြုသုတေသနဆောင်ရွက်နေမှုများအား လည်းကောင်း၊စိုက်ပျိုးရေး သုတေသနဦးစီးဌာန စပါသီးနှံသုတေသနဌာနခွဲ၊စပါး သုတေသနဗဟိုဌာနတွင် လက်ရှိလုပ် ကိုင်ဆောင် ရွက်လျှက်ရှိသော သုတေသနများနှင့်စပ်လျဉ်း၍လည်းကောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာတွင် ထားရှိသည့် မျှော်မှန်းချက်၊ရည်ရွယ်ချက်များ၊ ရေမြေသဘာဝအခြေခံအလိုက် စပါးစိုက်ပျိုးမှုရာခိုင်နှုန်းများ၊ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးဂေဟစနစ်ဇုံများ ၊ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်ရွက်ခဲ့သော သုတေသနများ၊ဆည်ရေသောက် လယ်စပါး၊မိုးရေသောက်လယ်စပါး၊ အရည်အသွေးကောင်းစပါး၊ရေအနည်းလိုစပါး၊ ရေငတ်ခံစပါး၊ တောင်ပေါ် ယာစပါး၊ ဆားငန်ခံစပါး၊ရေမြုပ်ခံစပါး၊ ရေနက်စပါး၊ရေနေခံစပါး စသည့် စပါးမျိုး များ မျိုးမွေးမြူရွေးချယ်ခြင်း လုပ်ငန်းများ၊ ၁၉၇၂ ခုနှစ် မှ ၂၀၂၀ ခုနှစ်ထိ ထုတ်ဝေခဲ့သော စပါးမျိုး များ ၊ အသုံးပြုခဲ့သည့် မျိုးရွေးချယ်သည့် နည်းလမ်းများ၊ စပါးမျိုးစေ့ အဆင့်ဆင့် ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း တို့အား တာဝန်ရှိသူများမှ ဗဟုသုတဖြစ်ဖွယ် မျှဝေပေးခဲ့ပြီး၊ သင်တန်းသားများမှ သိလိုသည်များအားမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီး မှပြန်လည်ဖြေကြားခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။