စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၃၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပွဲကျင်းပခြင်း

3
4
1
5
2
3 4 1 5 2

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန ကျောက်ပုံစမ္မစေတီ ဓမ္မာရုံတွင် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ (၃၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနား ကို ၁၃၈၅ခုခုနှစ် ဒုတိယဝါဆိုလပြည့် (၁.၈.၂၀၂၃) နေ့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူး ချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြား ရေးမှူး များအား အမှူးထား၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မိသားစုဝင်များမှ ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်တို့အား အာရုဏ် ဆွမ်းဆပ်ကပ်လှူခြင်းနှင် ဝါဆိုသင်္ကန်းကပ်လှူခြင်း တို့ ကို ပြုလုပ်ကာ တရားတော် များ အတူတကွနာယူ၍ ရေစက်သွင်းချလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။