စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန သီးနှံမျိုးစေ့ သုတေသန နှင့် မျိုးစေ့ပွားများရေး ဌာနစုမှ မှ အောင်းကြီးကုန်းကျေးရွာ တောင်သူအခြေပြု သုတေသနစခန်း သို့ ရွှေရီတိုးနှင့် ဝိုင်ကြူအာ – ၁၁ (YQR-11) စပါးမျိုးများနှင့်သွင်းအားစုများပေးအပ် ခြင်း

2
3
1
2 3 1

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် မိမိတို့ဌာနမှ ထုတ်ဝေ ထားသည့် မျိုး နှင့် နည်းပညာများ တောင်သူများထံပျံ့နှံ့ရောက်ရှိ၍ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာစေ ရေးအတွက် မျိုးနှင့် နည်းပညာများတောင်သူ့လက်ဝယ်ရောက်ရှိရေး အတွက် တောင်သူအခြေပြု သုတေ သနစခန်း များဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၆) ရက်နံနက်ပိုင်းက စိုက်ပျိုးစီးပွား၊ စိုက်ပျိုးမွေးမြူရေးစနစ် နှင့် နည်းပညာပြန့်ပွားရေး သုတေသန ဌာနခွဲ၊ သီးနှံမျိုးစေ့ သုတေသန နှင့် မျိုးစေ့ပွားများရေး ဌာနစုမှ လယ်ဝေးမြို့နယ် အောင်းကြီးကုန်းကျေးရွာ တောင်သူအခြေပြု သုတေသနစခန်း သို့ အဆိုပါဒေသအတွင်း သရုပ်ပြ စိုက်ပျိုးပြသနိုင်ရေး ရွှေရီတိုးနှင့် ဝိုင်ကြူအာ – ၁၁ (YQR-11) စပါးမျိုး စပါးမျိုး များနှင့်သွင်းအားစုများပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပညာရှင် သုတေသီများမှ တောင်သူများအသေးစိတ် သိလိုသည့် ရွှေရီတိုးစပါး၊ ဝိုင်ကြူအာ – ၁၁ (YQR-11) စပါးမျိုး များနှင့်စပ်လျဉ်း၍လည်းကောင်း၊ စိုက်ပျိုးရာတွင် လိုက်နာ သင့်သည့်နည်းလမ်းများ၊ ပြုစုစောင့်ရှောက်ပုံနည်းလမ်းများ အားဆွေးနွေးပေးခဲ့ပြီး အခြား သိလို သည်များ အား အပြန်အလှန် ဆွေးနွေးပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ပေးအပ်ခဲ့သည့် ဝိုင်ကြူအာ – ၁၁ (YQR-11) စပါးမျိုး ၏ အရည်အချင်း လက္ခဏာများမှာ

အထွက်ကောင်းခြင်း တစ်ဧက (၁၀၀ – ၁၁၀) တင်းခန့် ထွက်ရှိခြင်း၊ အရည်အသွေးကောင်းခြင်း၊ အသက်လျှင်ခြင်း (၁၁၅ – ၁၂၀ ရက်) ၊ ဆန်လုံးရှည်သွယ်၍ ဆန်သားကြည်ခြင်း၊ စားသုံးမှု နူးညံ့ခြင်း

နွေနှင့် မိုး နှစ်ရာသီလုံး စိုက်ပျိုးဖြစ်ထွန်းခြင်း တို့ဖြစ်ပြီး ရွှေရီတိုးစပါးမျိုး၏ အရည်အချင်း လက္ခဏာများမှာ မနောသုခထက် ပို၍အသက်လျင်ခြင်း၊ အထွက်ကောင်းခြင်း၊ ဆန်ထွက် ရာခိုင်နှုန်း ကောင်းခြင်း၊ စားသုံးမှုအရည်အသွေးပိုမိုကောင်း မွန်ခြင်း၊ လမိုင်း အထွက် ကောင်းခြင်း၊ နွေစပါးအဖြစ်စိုက်ပျိုးနိုင်ခြင်း နှင့် ဆည်ရေသောက်၊ မိုးကောင်းသောက် ဒေသများ အတွက် စိုက်ပျိုးရန် အထူးသင့်တော်ခြင်း စသည့် တို့ဖြစ်ကြပါကြောင်း မှတ်တမ်းပြုဖော်ပြအပ်ပါသည်။