စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပခြင်း

2
5
1
4
3
6
7
2 5 1 4 3 6 7

စိုက်ပျိုးရေး သုတေသနဦးစီးဌာန ရေဆင်းတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သဘာဝ ပတ်ဝန်ူး ကျင် ထိန်းသိမ်းရေးအတွက် ၂၀၂၃ ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ(၂၂) ရက် နံနက်ပိုင်းက ကျင်း ပခဲ့သည်။

အဆိုပါမိုးရာသီ စုပေါင်း သစ်ပင်စိုက်ပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက် တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(သီးနှံ)ဒေါက်တာအောင်မိုးမျိုးတင့်နှင့် ညွှန် ကြားရေးမှူး များ၊ ဌာနစုတာဝန်ခံများ တက် ရောက်ခဲ့ ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ ယခုအခါ ကမ္ဘာတစ်ဝန်း တွင် အယ်လ်နီညိုကြောင့် ရာသီဥတုဖောက်ပြန်မှုများ ကြုံတွေ့နေရပါကြောင်း၊

မြန်မာ နိုင်ငံ အနေဖြင့်လည်း မိုးရွာသွန်းမှု လျော့နည်းနိုင်ခြင်း၊ မိုးခေါင်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် သဘာဝဘေး အန္တရာယ် ကာကွယ်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လှုံ့ဆော်တိုက်တွန်းကာ သစ်တော၊ သစ်ပင်ပြုန်းတီးမှုကို ကာကွယ်ရန် ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဇူလိုင်လ တစ်လလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်များ စိုက်ပျိုး လျက်ရှိကြပါကြောင်း၊

မိမိတို့အနေဖြင့်လည်း မိမိတို့ဌာနစိမ်းလန်းစိုပြေ ရေးအတွက် နှစ်စဉ် လွတ်နေသောနေရာများအတွက်ဖြည့်ဆည်း စိုက်ပျိုး သွားရမည်ဖြစ်ပါကြောင်း ပြောကြားကာ ယခု စုပေါင်းစိုက်ပျိုးသည့် သစ်ပင် များ ရှင်သန်ကြီးထွားလာစေရေး ပြုစုစောင့်ရှောက်ရေးအတွက် တာဝန်ခွဲဝေယူမှုအပိုင်း နှင့်ပတ်သက်၍ မှာကြား ခြင်းများ ပြုလုပ်ကာတက်ရောက်လာသူများမှ စုပေါင်း၍ ကျွန်း၊ သစ် ပိတောက်ပင်များ၊ ငုဝါပင်များနှင့်ဖန်ခါး ပင်များ အားပျော်ရွှင်စွာ စိုက်ပျိုးခဲကြပါကြောင်း သတင်း မှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။