စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနအဆိုပြုလွှာများဖတ်ကြားတင်သွင်းခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း)ရှိ နဝရတ်ခန်းမတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရှိ သီးနှံ၊နည်းပညာ သုတေသနဌာနများ နှင့်စိုက်ပျိုးရေးသုတေသနဌာနများနှင့် ဒေသသုတေသနဗဟိုဌာန များမှ သုတေသနအဆိုပြုလွှာများ တင်သွင်း ဖတ်ကြား ခြင်းအား ၂၀၂၃ ခုနှစ်ဇူလိုင်၁၂ ရက်မှ ၁၄ ရက်နေ့ထိ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
အဆိုပါ သုတေသနအဆိုပြုလွှာများဖတ်ကြားတင်သွင်းခြင်း သို့ စိုက်ပျိုးရေးသုတေ သနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (နည်းပညာ) ဒေါက်တာမင်းစံသိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သီးနှံ) ဒေါက်တာအောင်မိုးမျိုးတင့် နှင့်ညွှန်ကြား ရေးမှူးများ ၊ သုတေသနဌာနစုများ၊ သုတေသနခြံများ၊ ဒေသသုတေသနဗဟိုဌာန များ မှသုတေသီများနှင့် Technical Board အဖွဲ့ဝင်များတက်ရောက် ခဲ့ကြပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့၏ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် သုတေသနများစီမံကိန်းအဆိုပြုလွှာများ အား ကောင်းသထက်ကောင်း၍ ပြည့်စုံ ကောင်းမွန်စွာ ဆောင်ရွက်နိုင်စေရေး Technical Board အဖွဲ့တွင်ဖြတ်သန်းစေပြီး ရွေးချယ် ခံရသည့် သုတေသန အဆိုပြုလွှာများအား သုတေသနများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရှေ့လာမည့် Technical board အဖွဲ့ ဖွဲ့စည်းရာတွင် ပြင်ပပညာရှင်များကိုပါ ဖိတ်ခေါ် ၍ ဖွဲ့စည်းမည်ဖြစ်ကာ သုတေသန စီမံကိန်းများကိုအကြံ ပြု၊ သုံးသပ်ပေးသွားနိုင် စေရန် ရည်ရွယ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
သုတေသနရလဒ် များ၏ အကျိုးသက် ရောက်မှု သည် သုတေသန တွေ့ရှိချက်များကို ဖြန့်ဝေခြင်းနှင့် အသုံးချခြင်းမှ ဖြစ်ပေါ် လာသော အကျိုးဆက်များ ဖြစ်ရာ မိမိတို့သုတေသနပြုဖော်ထုတ်လိုက်သည့် သုတေသနရလာဒ်အား လက်ခံကျင့်သုံးခြင်းနှုန်းထား ဆက်လက် မြင့်မား များပြားခြင်း က သုတေသန၏ ကောင်းမွန်သော အကျိုးသက် ရောက် မှုဖြစ်ပါကြောင်း၊ သုတေသနများဆောင်ရွက်ရာတွင်မိမိတို့ ဌာန၏ ချမှတ်ထားသည့် ရည်ရွယ်ချက် မျှော်မှန်းချက် များ အား အထောက် အကူပေးနိုင်သည့် သုတေသနများကို အဓိကထား ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ ဌာ၏ ရည်မှန်းချက်များ အောင်မြင် စေရန် အတွက် ထိရောက် သော သုတေသန ရလာဒ်များကို ရှိရမည် ဖြစ် ကာ တောင်သူများ လက်ခံမှုမြင့် မားသည့် မျိုးနှင့် နည်းပညာများ ရရှိနိုင်မည် ဖြစ်ကြောင်းပြောကြားပါသည်။
ဆက်လက်၍ သုတေသနစီမံကိန်း အဆိုပြုလွှာများဖတ်ကြားတင်သွင်းခြင်းများကို ဌာနခွဲအလိုက် ဖတ်ကြားခဲ့ ကြပါကြောင်းနှင့် အဆိုပါ သုတေသနစီမံကိန်းအဆိုပြုလွှာများ အား စိုက်ပျိုးစီးပွား၊ စိုက်ပျိုးမွေးမြူရေးစနစ် နှင့် နည်းပညာပြန့်ပွားရေး သုတေသန ဌာနခွဲ ၊ဥယျာဉ်ခြံသီးနှံ သုတေသနဌာနခွဲ ၊ စက်မှုသီးနှံ နှင့် နှစ်ရှည်ပင်သီးနှံ သုတေသနဌာနခွဲ ၊ စပါးသီးနှံသုတေသန ဌာနခွဲ ၊ ယာသီးနှံသုတေသန ဌာနခွဲ၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာ နှင့် သီးနှံကာကွယ်ရေး သုတေသန ဌာနခွဲ ၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝ အရင်းအမြစ်များ စီမံခန့်ခွဲရေး သုတေသန ဌာနခွဲ၊ ရိတ်သိမ်းချိန်လွန် နည်းပညာ နှင့် အစားအစာသိပ္ပံ သုတေ သန ဌာနခွဲတို့မှ သုတေသနစီမံကိန်း အဆိုပြုလွှာ(၆၇)စောင်အား ဖတ်ကြား သွားမည် ဖြစ်ကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။