စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ Tuesday Discussion အစီအစဉ်တွင် အစားအစာ သိပ္ပံနှင့်အာဟာရဆိုင်ရာသုတေသနဌာနစုမှ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းစဉ်များအပေါ် တင်ပြဆွေးနွေးခြင်း

2
4
1
5
3
6
7
2 4 1 5 3 6 7

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စုဝေး ခန်းမ တွင် အပတ်စဉ်အဂါနေ့တိုင်း ကျင်းပမြဲဖြစ်သည့် Weekly Research and HRCapacity Building Discussion အစီအစဉ် ကို (၂၇.၆. ၂၀၂၃) ရက်နေ့ မွန်းလွဲ (၂:၀၀)အချိန်က ကျင်းပပြု လုပ်ခဲ့ရာ အဆိုပါအစီအစဉ်တွင် အစားအစာ သိပ္ပံနှင့်အာဟာရဆိုင်ရာသုတေသနဌာနစုမှ ဒေါက်တာကြုကြူခိုင်မှ သူမတာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် သုတေသန ဆောင်ရွက်ချက်များ နှင့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေး ခဲ့ပါသည်။

အဆိုပါ အစီအစဉ်ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနလက်အောက်ရှိ ဗဟိုဌာန၊ ဌာနစု၊ ခြံ၊ စခန်းများတွင် တာဝန် ထမ်း ဆောင်လျက်ရှိသည့် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန်၊ ၎င်းတို့၏ လုပ်ငန်း တာဝန်များနှင့် ပတ်သက်၍ ဝန်ထမ်းအချင်းချင်း ရှင်းလင်း တင်ပြမှုအလေ့အကျင့်များ ရရှိ ရန် နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လူ့စွမ်းအား အရင်း အမြစ်ဌာနစုမှ ဦးဆောင်ကာ အပတ်စဉ် ကျင်းပဆောင် ရွက်ခြင်း ဖြစ်ပါ သည်။

အဆိုပါ Tuesday Discussion အစီအစဉ် သို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် (နည်းပညာ) ဒေါက်တာမင်းစံသိန်း ၊ ညွှန်ကြားရေးမှူးများ ၊ ဌာနစု တာဝန်ခံ များ နှင့် သုတေသီပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

တင်ပြဆွေးနွေးသူ ဒေါက်တာကြုကြူခိုင်မှ သူမဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ မိမိ၏ဌာနသည် (၂၄.၁၂.၂၀၂၀)ခုနှစ်တွင် ပြင်ဆင် ဖွဲ့စည်း ခဲ့သော ဖွဲ့စည်းပုံအသစ်အရ ရိတ်သိမ်းချိန်လွန်နည်းပညာနှင့်အစားအစာသိပ္ပံ သုတေသနဌာနခွဲအောက် တွင် အသစ်တိုးချဲ့ဖွဲ့စည်းထားသော သုတေသနဌာနစုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ လယ်ယာသီးနှံ၊ သား ငါး၊ ရေလုပ်ငန်း ထွက်ကုန်များအတွက် စား သောက် ကုန်ချောပြုပြင် ထုတ်လုပ်ခြင်းနှင့် အာ ဟာရ ဆိုင်ရာ သုတေသနရလဒ်များဖော်ထုတ်ပေးနိုင်မည့် သုတေသနလုပ်ငန်းများကို ၂၀၂၂ခုနှစ်မှစတင်၍ ဆောင်ရွက်လျှက်ရှိပါကြောင်း ၊ စားသုံးသူများ၏ကျန်းမာရေး ကောင်း ကျိုးနှင့် အာဟာရပြည့်ဝ ရေးကိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ချက်ထားရှိကာဆောင်ရွက်လျှက်ရှိပြီးစားသောက်ကုန်ချောပြုပြင်ထုတ် လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ( Fermentation Technology, Bakery, Beverage, Extrusion Technology Related Research ) များဆောင်ရွက်ခြင်း၊ အာဟာရဖြည့်စွက် စားသောက် ကုန်ထုတ် လုပ်ခြင်း ဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင် ရွက်ခြင်း လုပ်ငန်းများ ကိုစတင် အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း နှင့် ယခုလက်ရှိတွင် နှံစားသီးနှံနှင့် ပဲမျိုးစုံသီးနှံများပေါင်းစပ်၍ပြည့်စုံကောင်းမွန်သည့် အသား ဓာတ်ကြွယ်ဝသောအစားအစာများ သုတေ သနပြုလုပ်ခြင်းစီမံချက်အောက်တွင် နှံစားပြောင်းကိုအခြေခံ၍ ကောင်းမွန်ပြည့်စုံသည့် အသားဓာတ်ကြွယ်ဝသောခေါက်ဆွဲခြောက်များထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ နှံစားပြောင်းနှင့်ပဲတီစိမ်းသီးနှံတို့အား အချိုးအစားအမျိုးမျိုးပေါင်းစပ်၍ခေါက်ဆွဲခြောက်များပြုလုပ်ခြင်းသုတေသနလုပ်ငန်း လုပ်ဆောင်ချက်များအား တင်ပြခဲ့ရာ

တက်ရောက်လာသည့် ဒုတိယညွှန်ကြား ရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူး များမှ လမ်းညွှန်အမှာစကားများအသီးသီးပြောကြားခဲ့ပြီးတက်ရောက်လာသည့်ဝန်ထမ်းများမှလည်းမေးမြန်းဆွေးနွေးအကြံပြုခြင်းများပြုလုပ်ခဲ့ပါကြောင်းကိုမှတ်တမ်းတစ်ခုအဖြစ်ဖော်ပြအပ်ပါသည်။