စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်း(ရုံးချုပ်)တွင် စီမံနှင့်ငွေစာရင်း မွမ်းမံသင်တန်းဆင်းပွဲကျင်းပခြင်း

5
1
3
2
4
5 1 3 2 4

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ရေဆင်း(ရုံးချုပ်)ရှိ စုဝေးခန်းမတွင် အထောက်အကူပြု ဝန် ထမ်း များအတွက် စီမံနှင့်ငွေစာရင်း မွမ်းမံသင်တန်း ဆင်းပွဲအား၂၀၂၃ခုနှစ် ဇွန်လ(၁၆)ရက် နေ့ညနေပိုင်း ကကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းအား စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနအောက်ရှိ ဌာနစု များနှင့် နယ်သုတေသနခြံများတွင် တာဝန်ထမ်း ဆောင်လျက် ရှိသော စာရင်းကိုင်၊စာရင်းစစ်ဝန်ထမ်းများ၊ စာရေးဝန်ထမ်းများအား စီမံခန့်ခွဲရေးနှင့် ငွေစာရင်း လုပ်ငန်းများကို ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေး မှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(နည်းပညာ) ဒေါက်တာမင်းစံသိန်း နှင့်ညွှန်ကြား ရေးမှူးများ ၊ သုတေသနဌာနစု တာဝန်ခံများ သုတေသနခြံတာဝန်ခံများနှင့် ဒေသသုတေသန ဗဟိုဌာန တာဝန်ခံများ ၊သင်တန်း ဆရာများ နှင့်သင်တန်းသားများ တက်ရောက်ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာ ယခုသင်တန်းသည် မိမိတို့ ဝန်ထမ်းများတွင်ရှိသည့် ရှိရင်းစွဲ အရည်အသွေးများကို ပိုမိုတောက်ပလာအောင် အရောင်တင်ပေး သည့် မွမ်းမံသင်တန်းတစ်ခုဖြစ်ပါကြောင်း၊မိမိတို့ဝန်ထမ်းများအနေဖြင့် အားနည်းချက်များအား အားသာချက် ဖြစ်အောင်၊အားသာချက်များအားလည်းပိုမို အား‌ ကောင်းလာစေရန် နှင့်မိမိတို့၏ကိုယ်ရည်ကိုသွေးမြင့်မား တိုးတက်မှုရှိနေစေရန်အမြဲ ဆည်းပူးလေ့ လာ၊လေ့ကျင့်ခြင်းများဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထောက်အကူပြု ဝန်ထမ်းများအနေဖြင့် ငွေစာရင်း၊စီမံ စသည့်ကဏ္ဍများတွင် အဆင့်မြင့် ရာထူး များ ရရှိရန်နှင့် အဆင့်မြင့် တာဝန်များထမ်းဆောင် ကြရန်အတွက် စာရင်းအင်း၊ စီမံခန့်ခွဲရေးနှင့်ဆိုင်သည့် ဆက်လက်ပညာဆည်းပူးခြင်းများကိုလည်း ဆောင်ရွက်စေလိုပါကြောင်း၊ သို့မှသာစီမံ ကိန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက် ရာတွင် များစွာ အထောက်အကူပြုနိုင် မည်ဖြစ်ပါကြောင်း၊ မိမိတို့ သုတေသနဌာနကြီးပိုမိုတိုးတက်အောင်မြင်ရေးအတွက် သုတေသီပညာရှင်များနှင့် အထောက် အကူပြုဝန်ထမ်းများ အချိတ်အဆက်မိမိဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ သုတေသန စီမံချက်များရေးဆွဲခြင်းနှင့်  ဘတ်ဂျက် ရေးဆွဲခြင်းသည် အတွဲလိုက် ဆောင် ရွက်ရပါကြောင်း၊ အထောက် အကူပြုဝန်ထမ်းများအားကောင်းမှ သာ သုတေသီများ သုတေသန လုပ်ငန်းများကိုပိုမို အားစိုက် ဆောင် ရွက်နိုင် မည်ဖြစ်သောကြောင့် မိမိတို့ဌာနကြီးတိုးတက်ရေးအတွက် အထောက် အကူပြုဝန်ထမ်းများသည့် လွန်စွာအရေးပါသည့် အခန်းကဏ္ဍတွင်ရှိပါကြောင်း၊ ယခု သင်တန်းမှ ပို့ချပေးလိုက်သည်များ အားလည်း ဆက်လက် လေ့လာကြစေ လိုပါ ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်နေရသည့် အပိုင်းတွင် အထူးကျွမ်း ကျင်သည့်အရည်အချင်းပြည့်ဝသည့် သူများ ဖြစ်လာစေရေး လုပ်ငန်း အတွေ့အကြုံ များမှ သင်ယူ ခြင်းအပြင် စီမံခန့်ခွဲရေးငွေစာရင်း စသည် တို့နှင့်သက်ဆိုင်သည့် ဘွဲ့လွန်သင်တန်းများ တက်ရောက်ကြရေး တိုက်တွန်း အားပေးစကား များပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသားတစ်ဦးမှကျေးဇူးတင်စကားပြောကြားကာ သင်တန်းဆရာများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြပါသည်။အဆိုပါသင်တန်းအား ဇွန်လ ၁၄ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး (ဌစ)အကြောင်း သိကောင်းစရာများ အားလည်းကောင်း၊ Budget ရေးဆွဲနည်း နှင့်စပ်လျဉ်း ၍လည်းကောင်း၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း သင်ကြား ပို့ချပေးခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။