စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၏ စိုက်ပျိုးရေးသုတေသနခြံများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဝန်ထမ်း သားသမီး ကျောင်းသား၊ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
၂၀၂၃ခုနှစ် ဇွန်လ(၂)ရက်နေ့လည်ပိုင်းက စိုက်ပျိုးရေးသုနေသနဦးစီးဌာန၏ ခြံများဖြစ်သည့် ဒေသုတေ သနဗဟိုဌာန(ဇလုတ်)၊ ဒေသသုတေသနဗဟိုဌာန(မကွေး)၊ ကျောက်မဲစိုက်ပျိုး ရေးသုတေသနခြံ၊ ဒေသသုတေ သနဗဟိုဌာန(သဲကုန်း)၊ ဒေသသုတေသနဗဟိုဌာန(လက်ပံတန်း)တို့တွင် ၂၀၂၃-၂၀၂၄ ပညာရေး နှစ်တွင် ပညာသင်ကြားကြမည့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများ အတွက် ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ကြပါကြောင်းသိရှိရပါသည်။
ထိုသို့ ထောက်ပံ့ပေးအပ် ခဲ့ရာ ဒေသုတေ သနဗဟိုဌာန(ဇလုတ်)တွင် ဝန်ထမ်း သား၊သမီး အလယ် တန်း(၄)ဦး၊ မူလတန်း(၁၂)ဦး တို့အားလည်းကောင်း၊ဒေသသုတေသနဗဟိုဌာန(မကွေး) တွင် ဝန်ထမ်း သားသမီး အထက်တန်း(၂)ဦးနှင့် အလယ် တန်း(၂)ဦး တို့အားလည်းကောင်း၊
ကျောက်မဲစိုက်ပျိုး ရေးသုတေ သနခြံတွင် ဝန်ထမ်းသားသမီး မူလတန်း(၁)ဦးအားလည်း ကောင်း၊ဒေသသုတေသနဗဟိုဌာန(သဲကုန်း) တွင် ဝန်ထမ်း သားသမီးမူလတန်း (၂)ဉီး၊အထက်တန်း (၁)ဉီး တို့အား လည်းကောင်း၊ဒေသ သုတေသနဗဟိုဌာန(လက်ပံတန်း)တွင် ဝန်ထမ်းသားသမီး မူလတန်း(၅)ဦး၊ အလယ်တန်း (၂)ဦး၊ အထက် တန်း(၂)ဦး တို့အားလည်းကောင်း ကျောင်းအသုံး အဆောင်များ အသီးသီး ထောက်ပံ့ ခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။