စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များ တောင်သူအခြေပြု သုတေသနစခန်း တစ်ခုဖြစ်သည့် မဒေါ့ပင်ကျေးရွာအုပ်စု၊အောင်းကြီးကုန်းကျေးရွာ ရှိတောင်သူများနှင့် ဆွေးနွေးခြင်း

Capture
njghugy
jhfignmjtu
Capture njghugy jhfignmjtu

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ထွေးဦးဆောင်သည့် သုတေသန ပညာရှင်များ ပါဝင်သည့်အဖွဲ့သည် တောင်သူအခြေပြု သုတေသနစခန်းဖြစ်သည့် လယ်ဝေးမြို့နယ် မဒေါ့ပင်ကျေးရွာအုပ်စု၊ အောင်းကြီးကုန်းကျေးရွာသို့ ၂၀၂၃ခုနှစ်မေလ (၁၄)ရက်နံနက်ပိုင်းက သွားရောက်ခဲ့ပြီး အကျိုးဆောင်တောင်သူ ဦးမြလှိုင် ဦးဆောင်သည့် တောင်သူ(၂၀)ဦးခန့်နှင့် တွေ့ဆုံကာ ၂၀၂၃ခုနှစ်မိုးသီးနှံများ စိုက်ချိန်အမီ ကြိုတင်ဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများဖြစ်သော မြေယာပြုပြင်ခြင်း ဆိုင်ရာလုပ်ငန်းများ၊ သဘာဝနှင့် ဇီဝမြေဩဇာများ ပြုလုပ်သုံးစွဲထည့်သွင်းခြင်းလုပ်ငန်းများ၊ မျိုးစေ့ဆိုင်ရာ လိုအပ်ချက်များနှင့် ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ စသည်တို့ကို အသေးစိတ်ဆွေးနွေးကာ ဇီဝသက်ရှိ​​ငြ့်လျင့မြန်သောမ မြေဆွေး သဘာဝမြေေဩဇာ ပြုလုပ်ပုံ အဆင့်ဆင့် တို့ကို လက်တွေ့ပြုလုပ်ပြသခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တောင်သူများမှ မိုးသီးနှံတွင်ကြုံတွေ့နေရသော ပြသနာများနှင့် နှမ်းသီးနှံတို့တွင် အဓိကကျရောက်တတ်သော ရောဂါဖြစ်သည့် နှမ်းရိုးမဲရောဂါနှင့် နှမ်းဖိုရောဂါအကြောင်း သိလိုသမျှကိုမေးမြန်းခဲ့ ကြပြီး ပညာရှင် များ က အသေးစိတ်ဆွေးနွေးကာ ကြိုတင်ကာကွယ်ရန် လမ်းညွှန်ပေးခဲ့ကြပါသည်။ ဩဂဲနစ် စိုက်ပျိုးရေးနှင့်ပတ်သက်၍လည်း သိရှိလိုသည်များရှိပါက ဆက်သွယ်ရန်နှင့် တောင်သူများသဘာဝမြေဩဇာကို ယခုထက်ပိုမို ပြုလုပ်အသုံးပြုကြရန် တိုက်တွန်းခဲ့ပါသည်။တောင်သူများအနေဖြင့် လိုအပ်ချက်များရှိပါက Viber မှတဆင့် အချိန်မီ ဆက်သွယ်ရန် ဆွေးနွေးပြောကြားပေးခဲ့ ကြပါသည်။