စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝ နည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ၊ဇီဝနည်းပညာသုတေသနဌာနစုတွင်ဓာတ်ခွဲခန်းသုတေသနများဆောင်ရွက် လျက်ရှိသလို ကွင်းသုတေသနများလည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် နွေရာသီ ကွင်းသုတေသန တစ်ခုအဖြစ် အသက်ရက်တိုသည့် ဆင်းသုခ Double Haploid စပါးမျိုး လိုင်းရရှိရန် ဆောင်ရွက်ခြင်း
သုတေသနစမ်းသပ်ကွက်အားစမ်းသပ်စိုက်ပျိုးထားရှိပါသည်။
အဆိုပါသုတေသနအား စပါးအဖိုဝတ်မှုံအိတ်မွေးမြူခြင်း(Anther culture) နှင့် Marker Assisted Selection နည်းတို့ကို အသုံးပြု၍ စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ် ခံပြီးသက်တမ်းတိုသော ဆင်းသုခမျိုးလိုင်းသစ်ရရှိရန် ရည်ရွယ်၍ သုတေသနပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ထိုသို့သုတေသနပြုဆောင်ရွက်လျက်ရှိရာ စမ်းသပ်မျိုးလိုင်းများဖြစ်သည့် ဆင်းသုခ Double Haploid မျိုးလိုင်း(၄)လိုင်းအား ဆင်းသုခ(မူလ)မျိုးကိုစံထားမျိုးအဖြစ်အသုံးပြု၍(၅×၄) RCB Design အသုံပြု စမ်းသပ်ယှဉ်ပြိုင်စိုက်ပျိုးထားပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြ အပ်ပါသည်။