စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးဆောင်သည့်အဖွဲ့ သည် လာမည့် 2023 ခုနှစ် မိုးရာသီ ရေဆင်း စပ်မျိုးနေကြာ -၁၊ မိဘလိုင်း ပွားများ ရေး ကွင်းဆင်းဆောင်ရွက်ခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း ဦးဆောင်သည့် အဖွဲ့သည် နေကြာသီးနံတိုးချဲ့စိုက်ပျိုးရေး အတွက်စပ်မျိုးနေကြာ စိုက် ဧရိယာ တိုးတက် စိုက်ပျိုးနိုင်ရေး လယ်ဝေးမြို့နယ် ပိတောက်ချောင် အုပ်စု၊ လေးကသိန်းရွာ တောင်သူအခြေပြုသုတေသနစခန်းတွင် လာမည့် 2023 ခုနှစ် မိုးရာသီ ရေဆင်း စပ်မျိုးနေကြာ -၁၊ မိဘလိုင်း ပွားများ ရေး တောင်သူမျာနှင့်ညှိနှိင်းခြင်း နှင့် မိဘ မျိုးပွား မည့် မြေနေရာ အားကွင်းဆင်းခြင်းတို့ကို ၂၀၂၃ ခုနှစ် မတ်လ(၁၂) နေ့က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ယာသီးနှံဌာနခွဲညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ လယ်ဝေးမြို့နယ် ပိတောက်ချောင် အုပ်စု၊ လေးကသိန်းရွာမှ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပါကြောင်းသတင်းမှတ် တမ်းအဖြစ်ဖော်ပြအပ်ပါသည်။